ဘီးလင်းမြို့နယ်အတွင်း စီးပွားဖြစ်မွေးမြူရေးလုပ်ကိုင်သူများ၏ COVID-19 ကာလ အခြေအနေ များအား မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှစစ်တမ်းကောက်ယူခြင်းလုပ်ငန်းများဆောင်ရွက်

ဘီးလင်း ဩဂုတ် ၂၀

ဘီးလင်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနသည် မြို့နယ်အတွင်း မွေးမြူရေး လုပ်ငန်း လုပ်ကိုင်နေကြသည့် စီးပွားဖြစ်မွေးမြူရေးလုပ်ငန်းရှင်များ၏ COVID-19 ကာလမတိုင်မီနှင့် COVID-19 ကာလအတွင်း ရင်ဆိုင်နေရသည့် အခက်အခဲနှင့် လိုအပ်ချက်များ စာရင်း ကောက်ယူခြင်း လုပ်ငန်းမျာကို ဩဂုတ် ၁၅ ရက်မှစတင်ကာ  အဖွဲ့များခွဲ၍ မြေပြင်ကွင်းဆင်း ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ထိုသို့ စစ်တမ်းများကောက်ယူရာတွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊မြို့နယ်ဦစီးမှူး ဒေါက်တာ ဥမ္မာနှင်းဦးဆောင်၍ ဒုတိယဦးစီးမှူးများက ယနေ့နံနက်ပိုင်း၌ တောင်ကြီးကျေးရွာ၊ ဝင်းကကျေးရွာ၊ ဆင်အင်းကျေးရွာနှင့် လိပ်ခုံးကျေးရွာများရှိ ကြက်မွေးမြူရေးနှင့် ဝက် မွေးမြူရေး ခြံရှင်များထံ သွားရောက်ကာ မြေပြင်အခြေအနေများကို‌  မေးမြန်းပြီး Online စနစ်ဖြင့်အချက်အလက်များဖြည့်သွင်း ဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။

ဘီးလင်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနအနေဖြင့်ယ‌နေ့ အထိမွေးမြူရေးခြံပေါင်း ၃၅ ခြံအား စစ်တမ်းများကောက်ယူပြီးဖြစ်ကြောင်း  သိရသည်။

ထူးနောင်(ပြန်/ဆက်)