အမြို့မြို့အနယ်နယ်သတင်းများ

Aug 05,2021
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမှ ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် ပြည်သူများသိရှိလိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များအား အသံချဲ့စက်ဖြင့် လှည့်လည်အသိပေးနှိုးဆော်ခြင်းကို ယနေ့ ညနေပိုင်းက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာန ဝန်ထမ်းများပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်များ၊ လမ်းဆုံလမ်းခွနေရာများသို့ သွားရောက်၍  အသိပေးနှိုးဆော်ခြင်းများကို ဆောင်ရွက်ခဲ့သည်။
Aug 05,2021
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်တွင် ယမန်နေ့နံနက်ပိုင်းက ကိုဗစ် - ၁၉ ရောဂါပိုး အတည်ပြုလူနာ (၆၅) ဦး ထပ်မံ စစ်ဆေးတွေ့ရှိခဲ့ကြောင်း မြို့နယ်ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီထံမှ  သိရသည်။
Aug 05,2021
ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်တွင် ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန်က ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် ကွေ့ထောင့်ကျေးရွာအုပ်စု၊ ကွေ့ထောင့်ကျေးရွာ၌ ရွှေ့ပြောင်းခဲ့ရသည့် အိမ်ထောင်စုရှစ်စုအတွက် ထောက်ပံ့‌ငွေ ပေးအပ်ပွဲကို‌ ရေစကြိုမြို့နယ် အထွေထွေ အုပ်ချုပ်‌ရေး ဦးစီးဌာန၌ ပြုလုပ်ခဲ့သည်။
Aug 05,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Sinopharm ထိုးဆေးကို စတုတ္ထနေ့အဖြစ် ဆက်လက်၍ ဆေးထိုးစုရပ်များ တိုးချဲ့ဖွင့်လှစ်ပြီး ထိုးနှံ လျက်ရှိသည်။
Aug 05,2021
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးနှင့် ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန် အသံချဲ့စက်ဖြင့် နှိုးဆော်အသိပညာပေးခြင်း လုပ်ငန်းများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက ယမန်နေ့ မွန်းလွဲပိုင်းတွင်  မြို့အတွင်း လှည့်လည်၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။‌
Aug 05,2021
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၌ ယနေ့မွန်းလွဲပိုင်းက ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရေးအတွက်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်မှူးနှင့် တာဝန်ရှိသူများက ဘုတ်ပြင်းမြို့နယ် ကမာချောင်းကျေးရွာ အုပ်စုအတွင်းရှိ ကျေးရွာများသို့ အသံချဲ့စက်ဖြင့် လိုက်လံအသိပေး ကြေညာခဲ့ကြောင်း သိရသည်။
Aug 05,2021
ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် ပြည်နယ်ဝန်ကြီးများသည် ယမန်နေ့ နံနက်ပိုင်းအချိန်က ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့သို့ ရောက်ရှိပြီး မြို့နယ်ဇမိခန်းမတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံ့လျက်ရှိသည့် မိဘပြည်သူများအား သွားရောက်ကြည့်ရှု အားပေးစကားပြောကြားပြီး ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိသည့် ကျန်းမာရေး ဝန်ထမ်းများအား ထောက်ပံ့ငွေများပေးအပ်ပြီး ကာကွယ်ဆေး လာရောက်ထိုးနှံလျက်ရှိသည့် မိဘပြည်သူများအား အာဟာရဖြည့် ကြက်ဥများ ထောက်ပံ့ပေးအပ်သည်။