တွံတေးမြို့၌ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်လာစေရေး ကျေးလက်ဒေသအရောက် ကွင်းဆင်းဆောင်ရွက်

တွံတေး သြဂုတ် ၂၀

ကျေးလက်နေပြည်သူတို့၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် တိုင်းဒေသကြီး လွှတ်တော် ရန်ပုံငွေမှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် ယမန်နေ့ နံနက်ပိုင်းက ကံဘဲ့၊ စမ်းရွာ၊ ပေါက်တော၊ ပိတ်စွယ်၊ ပျော်ဘွယ်လေးနှင့် အလံအုပ်ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်ရာတွင် အမှတ်(၂)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးနေနိုင်ဦးနှင့် ဌာနဆိုင် ရာအကြီးအကဲ များက အလယ်ချောင်းကျေးရွာအုပ်စုရှိ သံလျှက်စွန်းကျေးရွာနှင့် ညောင်လန်း ကျေးရွာတို့မှ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ကျေးရွာ တာဝန်ခံများ တွေ့ဆုံ၍ ကျေးရွာ တွဲဖက်မူလ တန်းကျောင်း ဆောက်လုပ်နိုင်ရေးအတွက် မြို့နယ်ပညာရေးမှူးရုံး အစည်းအဝေး ခန်းမ တွင် တွေ့ဆုံဆွေးနွေးခဲ့ပြီး တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နှင့် ဌာနဆိုင်ရာများက ကံဘဲ့ကျေးရွာ အုပ်စု၊ ကံဘဲ့ကျေးရွာ ပညာ ရောင်ခြည် စာကြည့်တိုက်၌ ကံဘဲ့၊ စမ်းရွာ၊ ပေါက်တောများမှ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ကျေးရွာတာဝန်ခံများနှင့် ရပ်မိရပ်ဖ များ တွေ့ဆုံကာ ဒေသဖွံ့ဖြိုးရေး လမ်း၊ တံတားများ ဆောင်ရွက်ပေးမည့် အခြေအနေ၊ ကံဘဲ့ကျေးရွာ ပညာရောင်ခြည် စာကြည့်တိုက် အတွက် ပြုပြင်ခြင်း၊ ခြံစည်းရိုးကာရန်ခြင်းနှင့် ယင်လုံအိမ်သာ တစ်လုံးဆောက်လုပ်ရန် လျာထားတွက်ချက်မှု၊ ပိတ်စွယ် ကျေးရွာ ပညာ့ အလင်းစာကြည်တိုက်၌ ပျော်ဘွယ်လေး၊ ပိတ်စွယ်ရှိ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မ ရပ်ဖများနှင့် ထပ်မံတွေ့ဆုံပြီး ဒေသ ဖွံ့ဖြိုးရေး ဆောင်ရွက်ပေးနိုင်သည့် လုပ်ငန်းများ ဆွေးနွေး၍ လူ့စွမ်း အား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်လာစေရန် ပိတ်စွယ်ကျေးရွာ ပညာ့ အလင်းစာကြည့်တိုက် အသေးစား ပြင်ဆင်မှု၊ ခြံစည်းရိုးနှင့် ယင်လုံအိမ်သာတစ်လုံး၊ ထော်သိုကျေးရွာအုပ်စု၊ အလံအုပ်ကျေးရွာ ရှိ ပညာ အလင်းစာကြည့်တိုက်အတွက် ယင်လုံအိမ်သာတစ်လုံး ဆောက်လုပ်ရန် လျာထားတွက်ချက်ခြင်းများနှင့် ဒေသဖွံ့ဖြိုးရေး ဆောင်ရွက် မည့် လမ်း၊ တံတားများ၏ နေရာများ ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

မျိုးလှိုင်(တွံတေး)