Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
+
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
စစ်ကိုင်းမြို့၌ ရှေးဦးပြုစုနည်း (အခြေခံ) သင်တန်း (၁/၂၀၂၀) ဆင်းပွဲနှင့် မြို့နယ် ကြက်ခြေနီအသင်းခွဲမှ မိသားစုဝင်များ၏ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်…
Aug 19,2020
မြန်မာနိုင်ငံကြက်ခြေနီအသင်း စစ်ကိုင်းမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြီးမှူးကျင်းပသည့် ရှေးဦးပြုစုနည်း (အခြေခံ) သင်တန်း (၁/၂၀၂၀) ဆင်းပွဲအခမ်းအနားနှင့် မြို့နယ် ကြက်ခြေ နီအသင်းခွဲမှ မိသားစုဝင်များ၏ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်ခဲ့သူများအား ဆုချီးမြှင့်ပွဲ ကို ယမန်နေ့ ညနေ(၃)နာရီက စစ်ကိုင်းမြို့နယ် မီးသတ်ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
Aug 19,2020
ဧရာဝတီတိုင်းဒေသကြီး လပွတ္တာ ခရိုင်/ မြို့နယ်အဆင့် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို လပွတ္တာ ခရိုင် အထွေထွေအုပ်ချုပ်ဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၀ နာရီက ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
သဘာဝမြေဩဇာပြုလုပ်နည်းနှင့် အိမ်တွင်းတစ်နိုင်တစ်ပိုင်စိုက်ပျိုးရေးသင်တန်း အား မြိုင်မြို့နယ်တွင်ပြုလုပ်
Aug 19,2020
Actionaid Myanmar နှင့် မြိုင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနတို့ ပူပေါင်း၍ ဖွင့်လှစ်သောသဘာဝ မြေဩဇာပြုလုပ်နည်းနှင့် အိမ်တွင်းတစ်နိုင်တစ်ပိုင်စိုက်ပျိုးရေးသင်တန်း ကို ယနေ့ နံနက် ၉ နာရီအချိန်က မြိုင်မြို့နယ် ကျေးရွာဧည့်ဂေဟာ( CBT ) တွင် ပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ချောက်မြို့နယ်ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီအစည်းအဝေးကျင်းပ
Aug 19,2020
မကွေးတိုင်းဒေသကြီး ချောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ ယနေ့နံနက် ၁၀နာရီ ၃၀မိနစ်အချိန်က မြို့နယ်ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီအစည်းအဝေးကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ညောင်ရွှေမြို့၌ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်မှုရှိစေရေး နေအိမ်အရောက် မဲစာရင်းစစ်ဆေးမှု ဆောင်ရွက်
Aug 19,2020
၂၀၂၀-ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပပြု လုပ်နိုင်ရေးအတွက် ညောင်ရွှေမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေး မှူး ဦးငြိမ်းချမ်းဦးဆောင်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဌ ဦးတင်မောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်ဝေမာအောင်နှင့် သက်ဆိုင်ရာ ရပ် ကွက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူများသည် ယနေ့ နံနက်(၁၁)နာရီက မြို့ပေါ်ရှိ ရပ်ကွက်များအတွင်း မဲဆန္ဒရှင်စာရင်းများ ပြည့်စုံ မှန်ကန်မှုရှိစေရေးအတွက် နေအိမ်အရောက် ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့တွင် One State One Township Project အရ မြို့မဈေးကြီးအတွင်း ကွန်ကရစ် ခင်းခြင်း လုပ်ငန်း ဆောင်ရွက်မည့်နေရာအား ကွင်းဆင်းက…
Aug 19,2020
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေးကြီးအတွင်း One State One Township Project အရအကောင်အထည်ဖော်ဆောင်ရွက်မည့်တောင်/မြောက်လမ်း ကွန်ကရစ်ခင်းခြင်း လုပ်ငန်း နှင့်ပတ်သက်၍ မူလ ကွန်ကရစ်လမ်း၏ လက်ရှိအခြေအနေအား သြဂုတ်လ (၁၈)ရက်နေ့ နေ့လည်(၂)နာရီက မကွေးခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ၊ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးနိုင် ၊မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ၊မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမော်နှင့် သက်ဆိုင်ရာဌာနများမှ တာ၀န်ရှိသူများ လိုက်ပါလျှက် ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ရာ လုပ်ငန်းဆောင်ရွက်မည့် အခြေအနေများနှင့်ပတ်သက်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ၊ တာဝန်ခံ အင်ဂျင်နီယာ ဦးဇော်ထွန်းကျော် က ရှင်းလင်း တင်ပြခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
လယ်ဝေးမြို့နယ် ရွှေဟင်္သာတံတားအား သံဘောင်ဘေလီတံတားအဖြစ် စက်တင်ဘာလကုန်အပြီး တည်ဆောက်လျက်ရှိ
Aug 19,2020
အပြည့်အစုံ ဖတ်ရန်
ညောင်ရွှေ၌ နိုင်ငံတော်မှ ဒုတိယအကြိမ်ပေးအပ်သည့် ထောက်ပံ့ကြေးငွေများအား သက်ဆိုင်ရာ ပြည်သူများထံ လက်ရောက်ပေးအပ်
Aug 19,2020
ညောင်ရွှေမြို့နယ်၌ ကိုဗစ်-၁၉ ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်း စားအိမ်ထောင်စုများထံသို့ နိုင်ငံတော်အစီအစဉ်ဖြင့် ဒုတိယအကြိမ်ထောက်ပံ့ငွေများကို မြို့နယ် အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၏ ကြီးကြပ်မှုဖြင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေး တာဝန်ရှိသူများ က ကျေးရွာအလိုက် သက်ဆိုင်ရာပြည်သူများထံသို့ လက်၀ယ်အရောက်ပေးအပ်ခြင်းကို ဩဂုတ်(၁၈)ရက်နှင့်(၁၉)ရက်နေ့များတွင် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25851
Page
25852
Page
25853
Page
25854
Current page
25855
Page
25856
Page
25857
Page
25858
Page
25859
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department