အမြို့မြို့အနယ်နယ်သတင်းများ

Aug 05,2021
မွန်ပြည်နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၃ နာရီခွဲက မွန်ပြည်နယ် အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ဗွီဒီယို ကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်၊၊
Aug 05,2021
ရှမ်းပြည်(တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ် ကြေးတွင်းကုန်းကျေး ရွာနှင့် တောင်ရှည်ကျေးရွာအုပ်စု သပြေကုန်းကျေးရွာအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွား မှုကို ထိရောက်စွာကာကွယ် ထိန်းချုပ်ကုသရေးအတွက် ပြည်သူများပူးပေါင်း ပါဝင်မှသာ လုပ်ငန်းများ အချိန်တိုအတွင်း အောင်မြင်မညိဖြစ်ပါသည်။ သို့ဖြစ်ပါ၍ အောက်ဖော်ပြပါ အချက်များကို အားလုံးကိုယ်စီလိုက်နာကြရန် အသိပေးပန်ကြားအပ်ပါသည်-
Aug 05,2021
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တတိယနေ့ ထိုးနှံပေးခြင်းကို မြို့နယ် သာသနာ့ဗိမာန်တွင် ယနေ့ ၁၀ နာရီက ဆက်လက်ထိုးနှံပေးပြီး ပေါက်တောမြို့နယ် ကျေးလက် ကျန်းမာရေးဌာန စုရပ် ၄ နေရာမှာလည်း ယနေ့နံနက်ပိုင်းတွင် စတင်ထိုးနှံပေးခြင်းကို ဆောင်ရွက် လျက်ရှိသည်။
Aug 05,2021
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinophram)ကို လပွတ္တာမြို့နယ် မြို့မရဲစခန်း အချုပ်ခန်းမှ အကျဉ်သားများကို ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန်က လပွတ္တာမြို့နယ် မြို့မရဲစခန်းအချုပ်ခန်းနှင့် လပွတ္တာမြို့နယ် ဆေးရုံအဟောင်း အစည်းအဝေး ခန်းမတို့တွင် ကာကွယ်ဆေး ထိုးပေးခဲ့ကြောင်း သိရသည်။
Aug 05,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးလင်းထိုက်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ကိုဗ​စ်-၁၉ရောဂါ ဖြစ်ပွားမှုကာလအတွင်း ရဟန်းသံဃာများ နှင့်သီလရှင်များ ဆွမ်းပြတ်လပ်မှု မရှိစေရေးအတွက် ယနေ့နံနက်ပိုင်းက ဘုန်းတော်ကြီး ကျောင်းများနှင့် ပရိယတ္ တိစာသင်တိုက်များသို့ သွားရောက်၍ ဆွမ်းဆန်အိတ်များ သွားရောက် ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
Aug 05,2021
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်အတွင်း ကိုဗစ်- ၁၉ ပိုးတွေ့အတည်ပြုလူနာ များနှင့် အောက်စီဂျင်အရေးပေါ်လိုအပ်ပါက အခက်ခဲမရှိ အဆင်ပြေစွာ ကျန်းမာရေးစောင့် ရှောက်မှု ကုသပေးနိုင်ရန်အတွက် ဝိုင်းမော်မြို့နယ် ပြည်သူ့ဆေးရုံသို့ Oxygen Concentrator စက်များကို ယမန်နေ့က ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရ သည်။
Aug 05,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ဆရာတော်သံဃာတော်များ၊ သီလရှင်များ၊ အသက်(၆၅)နှစ်နှင့်အထက် ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများအား ဩဂုတ်လ(၁)ရက်နေ့ မှစတင်၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm)ကို အ-ထ-က(၂၀)တွင် ထိုးနှံပေးလျက်ရှိရာ ယမန်နေ့နံနက် ၉ နာရီက အဆိုပါ ကျောင်း၌ ဆက်လက်ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။