Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ လူမှုရေးရာဝန်ကြီး ဦးယဉ်ထွေး၊ ကိုဗစ်ကာကွယ်ဆေး ထိုးနှံနေသည့် ရဟန်းရှင်လူပြည်သူများအား တွေ့ဆုံ၍ အားပေးစကားပြောကြာ…
Aug 05,2021
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် စုရပ်(၃)နေရာ၌အုပ်စု(၄)အုပ်စုခွဲကာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးမထိုးနှံရသေးသည့် သက်ကြီးဘိုးဘွားများ၊ ရဟန်းသံဃာများ၊ သီလရှင် ဆရာများအား ဇူလိုင်လ ၃၁ ရက် နေ့နံနက် ၁၀ နာရီ အချိန်ကစတင်၍ ကာကွယ်ဆေးထိုး ခြင်းလုပ်ငန်းများကို ထိုးနှံပေးလျက်ရှိရာ ယမန်နေ့ နံနက် ၁၁ နာရီ ခွဲအချိန်တွင် တနင်္သာရီတိုင်း ဒေသကြီးအစိုးရ အဖွဲ့ဝင်၊ လူမှုရေးရာဝန်ကြီး ဦးယဉ်ထွေးသည် ထားဝယ်မြို့ မြို့တော်ခန်းမ၌ ကိုဗစ်ကာကွယ်ဆေး ထိုးနှံနေသည့် ရဟန်းရှင်လူပြည်သူများအား သွားရောက်တွေ့ဆုံကာ အားပေးစကားပြောကြားခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ်၌ အသက်(၆၅)နှစ်နှင့်အထက်ရှိသူများအား ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Aug 05,2021
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် အသက်(၆၅)နှစ်နှင့်အထက် အသက်အရွယ်ကြီးသူများ အပါအဝင် ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ၊ သီလရှင်များ၊ နိုင်ငံ့ဝန်ထမ်းများနှင့် အခြား ပုဂ္ဂလိက/အလုပ်ရုံ၊ စက်ရုံများမှ ဝန်ထမ်းများ၊ အကျဉ်း/အချုပ်သားများကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမတွင် ယမန်နေ့ နံနက် ၉ နာရီမှ စတင်ပြီး ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံ ဆောင်ရွက်ပေးနေကြောင်း ပွင့်ဖြူမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျိန္တလီမြို့တွင် အသက်(၆၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား ကိုဗစ်-၁၉ရောဂါ ကာ ကွယ်ဆေး တတိယနေ့ ဆက်လက်ထိုးနှံပေးလျက်ရှိ
Aug 05,2021
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ကျိန္တလီမြို့တွင် အသက်(၆၅)နှစ်အထက် ပြည်သူများအား တရုတ် ပြည်သူ့သမ္မတ နိုင်ငံထုတ် ကိုဗစ်-၁၉ကာကွယ်ဆေး (Sinopharm)အား တတိယနေ့ဆက်လက် ထိုးနှံပေးခြင်းကို ကျိန္တလီမြို့ မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမစုရပ်၌ သြဂုတ် ၄ ရက်နေ့ နံနက်(၉)နာရီခွဲအချိန်က မြို့ပေါ်ရပ်ကွက် အမှတ်(၁)ရပ်ကွက် ၊ အမှတ်(၂)ရပ်ကွက်နှင့် အမှတ်(၃)ရပ်ကွက်တို့အား တစ်ပြိုင်တည်းဆက် လက်ထိုးနှံပေးလျက်ရှိ ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ဟားခါးမြို့၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာသစ် (၂၆)ဦး ထပ်မံတွေ့ရှိ၊ (၁၁)ဦး ပြန်လည်ကျန်းမာလာ
Aug 05,2021
ချင်းပြည်နယ်၊ ဟားခါးမြို့၌ ယမန်နေ့တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာသစ် (၂၆)ဦး ထပ်မံတွေ့ရှိပြီး (၁၁)ဦး ပြန်လည်ကျန်းမာလာသဖြင့် ဆေးရုံဆင်းခွင့်ပြုလိုက်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တောင်ကြီးမြို့နယ်တွင် Stay at Home ကာလအတွင်း ပြည်သူများ နေအိမ်ပြင်ပ ထွက်ခွါသွားလာပါက သတ်မှတ်စည်း ကမ်းချက်များနှင့်အညီ သွားလာမှုရှိ/မရှိ စစ်ဆေးခြင်းနှ…
Aug 05,2021
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှု များပြားလာသဖြင့် Stay at Home မြို့နယ်အဖြစ်သတ်မှတ်၍ Stay at Home ကာလအတွင်း ပြည်သူများအနေဖြင့် မလိုအပ်ဘဲ နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာမှု မရှိစေရေးနှင့် မဖြစ်မနေ ထွက်ခွါသွားလာပါက သတ်မှတ် စည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိ မြို့နယ်ပူးပေါင်း စစ်ဆေးရေးအဖွဲ့မှ ယမန်နေ့နံနက် ၈ နာရီအချိန်ခန့်မှစ၍ ကုန်သည်လမ်းနှင့် မီးသွေးတန်း လမ်းဆုံ၊ မြင်းရုပ်မီးပွိုင့်လမ်းဆုံနှင့် အမှတ်(၅)ဈေးတို့တွင် မိုဘိုင်းလှည့်လည်၍ ကွင်းဆင်း စစ်ဆေးခြင်း အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ညောင်ရွှေမြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံ
Aug 05,2021
ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို ဆက်လက် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က သက်ဆိုင်ရာ စုရပ်နေရာများ၌ ဦးတည် အုပ်စုများနှင့် ဦးစားပေး အစီအစဉ်များအလိုက် ကာကွယ်ဆေးများ ဆက်လက်ဆေးထိုးနှံ ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လာအိုနိုင်ငံမှ နေရပ်ပြန် မြန်မာနိုင်ငံသား အလုပ်သမားများအား ရှမ်းပြည်နယ်၊ တောင်ကြီးမြို့မှ သက်ဆိုင်ရာဒေသအသီးသီးသို့ စနစ်တကျဆက်လက်ပို့ဆောင်
Aug 05,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့မှ ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့သို့ ရောက်ရှိ လာသည့် လာအိုနိုင်ငံမှ နေရပ်ပြန် မြန်မာနိုင်ငံသားအလုပ်သမား(၈၀)ဦးအား ယမန်နေ့ ညနေ(၄)နာရီခွဲက တောင်ကြီးမြို့သစ်တောရပ်ကွက်ရှိ T.B.C ကားကြီးကွင်း မှတစ်ဆင့် သက်ဆိုင်ရာဒေသအသီးသီးသို့ စနစ်တကျ ဆက်လက်ပို့ဆောင်ပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ်တွင် ပြည်သူများ Stay at Home ကာလ သတ်မှတ်စည်းကမ်းချက်များနှင့် အညီ နေထိုင်သွားလာစေရေး အသံချဲ့စက်ယာဉ်ဖြင့် အသိပေးနှိုးဆော်ခြင်းများ အရှ…
Aug 05,2021
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါကူးစက်မှုနှုန်း မြင့်တက်နေသည့်အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ Stay at Home မြို့နယ်အဖြစ် သတ်မှတ်ကြေညာထားရှိရာ မြို့နယ်အတွင်းရှိ ပြည်သူများ Stay at Home ကာလ သတ်မှတ်ထားသည့်စည်းကမ်းချက်များအတိုင်း သိရှိလိုက်နာ နေထိုင်သွားလာနိုင် စေရန်အတွက် ယမန်နေ့ ညနေ ၅ နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ၊ မြို့နယ်မီးသတ်ဦးစီးဌာန ၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် သမ္မာဆန္ဒကရုဏာရှင်များနာမှုကူညီရေးအသင်းတို့ ပူးပေါင်းအဖွဲ့က ကျေးရွာနေပြည်သူများ သိရှိလိုက်နာနိုင်ရေးအတွက် အသံချဲ့စက်ယာဉ်ဖြင့် အသိပေးနှိုးဆော်ခြင်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25849
Page
25850
Page
25851
Page
25852
Current page
25853
Page
25854
Page
25855
Page
25856
Page
25857
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department