ကွန်ဟိန်းမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ် ရေး စနစ်တကျ လိုက်နာဆောင်ရွက်ခြင်း ရှိ/ မရှိ ကွင်းဆင်းစစ်ဆေး

ကွန်ဟိန်း       ဩဂုတ်    ၂၀

     

ရှမ်းပြည်နယ် (တောင် ပိုင်း) ကွန်ဟိန်း မြို့၊ အခြေခံပညာ အထက်တန်းကျောင်း၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး စည်းကမ်းချက် များနှင့်အညီ စနစ်တကျလိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိ အခြေအနေများကို ကျောင်းကျန်းမာရေးဌာန တာဝန်ရှိသူများက  ယနေ့ နံနက်  ၉နာရီ အချိန်က ကွင်းဆင်းစစ်ဆေးခဲ့သည်။

ထိုသို့ကွင်းဆင်း စစ်ဆေးခြင်းတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မှ ဒုတိယ ဦးစီးမှူး ဦးခင်မောင်စိုး၊ ဒုတိယ မြို့နယ်ပညာရေးမှူး  ဦးညီညီမင်း၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ကြပ်ကြီး ဦးရဲမင်းဌေး၊  မြို့နယ်ကျန်းမာရေးဌာနမှ အမျိုးသမီး ကျန်းမာရေးဆရာမဒေါ် နန်းဝတ်ရည်ထွန်းနှင့် တာဝန်ရှိသူများကကျောင်းသား ကျောင်းသူများ ကျောင်အတွင်းမဝင်မီ လက်ဆေးဘေစင်၊ လက်သန့်ဆေးရည်ဖြင့် လက်ဆေးခြင်း၊ ကိုယ်အပူချိန်တိုင်း၊ နှာခေါင်းစည်း၊ Face Shield မျက်နှာ ကာများ စနစ်တကျ  တပ်ဆင်ထားခြင်း ရှိ/မရှိ နှင့် ကျောင်းသားမိဘများ ကျောင်းသို့မလာမီနှင့် လာရောက်စဉ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ စနစ်တကျ လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရသည်။ 

မြို့နယ် (ပြန်/ဆက် )