ချောက်မြို့နယ်ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီအစည်းအဝေးကျင်းပ

   ချောက် ဩဂုတ် ၁၉

မကွေးတိုင်း‌ဒေသကြီး ချောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ ယနေ့နံနက် ၁၀နာရီ ၃၀မိနစ်အချိန်က မြို့နယ်ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီအစည်းအဝေးကျင်းပသည်။

ရှေးဦးစွာမြို့နယ်အုပ်ချုပ်ရေးမှူးဦးကျော်ဆွေ၀င်းကကလေးသူငယ်များနှင့်ပတ်သက်သည့်အကြောင်းအရာများပူးပေါင်းဆောင်ရွက်ရမည့်မြို့နယ် ရှိ ဌာနဆိုင်ရာကော်မတီဝင်များကိုအဖွင့်အမှာစကားပြောကြားသည်။

ယင်းနောက်ချောက်မူလတန်းကြိုကျောင်းအုပ်ဆရာမကြီးဒေါ်ခင်စိုးမိမှကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကိုအပြည့်အဝရရှိ ရေးအတွက်ကော်မတီဝင်များ၊ဆက်စပ်ဌာနဆိုင်ရာများ၊လူမှုရေးအဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်ခြင်း၊ရပ်ရွာအခြေပြုကာကွယ်စောင့် ရှောက်ခြင်းလုပ်ငန်းများကိုကြိုတင်ကာကွယ်ခြင်း၊ကာကွယ်စောင့်ရှောက်ခြင်းနှင့်တုန့်ပြန်ဆောင်ရွက်ခြင်းနည်းလမ်းများကိုပြောကြားသည်။

ထိုနောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးဒေါ်ချိုချိုမာကကလေးသူငယ်များ ရရှိမည့်အခွင့်အရေး နှင့် ကာကွယ် စောင့်ရှောက် မှုများကို ချောက်မူလတန်းကြိုကျောင်း၊ဝေါဗွီရှင်းမြန်မာတို့ပူးပေါင်း၍ လူထုအခြေပြုဗဟိုခန်းမတွင် OnlineTalk Show ပြုလုပ်၍အသိပညာပေးခြင်းများဆောင်ရွက်သွားမည်ဖြစ်ကြောင်းဆွေးနွေးကာတက်ရောက်လာကြသည့်ကော်မတီအဖွဲ့၀င်တို့မှလည်းမိမိတို့ဌာန အလိုက်ဆောင်ရွက်မည့်လုပ်ငန်းများအကြောင်းဆွေးနွေးပြောကြား ခဲ့ကြောင်းသိရသည်။

ကျော်မိုး(ပြန်/ဆက်)