မြိုင် ဩဂုတ် ၁၉
Actionaid Myanmar နှင့် မြိုင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနတို့ ပူပေါင်း၍ ဖွင့်လှစ်သောသဘာဝ မြေဩဇာပြုလုပ်နည်းနှင့် အိမ်တွင်းတစ်နိုင်တစ်ပိုင်စိုက်ပျိုးရေးသင်တန်း ကို ယနေ့ နံနက် ၉ နာရီအချိန်က မြိုင်မြို့နယ် ကျေးရွာဧည့်ဂေဟာ( CBT ) တွင် ပြုလုပ်သည်။
စိုက်ပျိုးသီးနှံများ စိုက်ပျိုးရာတွင် ဖွံ့ဖြိုးတိုးတက်လာသောခေတ်နှင့်အညီ ပေါ်ပေါက်လာသောဓာတုဓာတ် မြေဩဇာများ အစား ဘေးထွက်ဆိုးကျိုးရောဂါ အန္တရာယ်နည်းသော သဘာဝ ဓာတ်မြေဩဇာများ ကိုယ်တိုင်ပြုလုပ်၍ သုံးစွဲနိုင်စေရန်၊ အိမ်တွင်းတစ်နိုင်တစ်ပိုင် စိုက်ပျိုးနိုင်သော သီးနှံများနည်းစနစ်တကျ စိုက်ပျိုးတတ်စေရန်ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ခြင်း ဖြစ်သည်။
သင်တန်းကာလမှာ (၁၉.၈.၂၀၂၀)ရက်နေ့မှ (၂၁.၈.၂၀၂၀)ရက်နေ့ထိ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမျုးဒေါ်ခင်မိုးဦးနှင့် ဝန်ထမ်းများက ပို့ချသွားမည်ဖြစ်ပြီး သီးနှံဖျက်ပိုးများနှင့် ပိုးသတ်ဆေးများအကြောင်း၊ မျိုးစေ့များအကြောင်း၊ သဘာဝဓာတ်မြေဩဇာပြုလုပ်နည်းများအကြောင်းနှင့် အိမ်တွင်းတစ်နိုင်တစ်ပိုင် စိုက်ပျိုးနိုင်သော မှိုစိုက်ပျိုးနည်း(စာတွေ့ ၊ လက်တွေ့) များ ကို သင်ကြားပို့ချသွားမည်ဖြစ်သည်။
အဆိုပါသင်တန်းအား မြို့နယ်အတွင်းရှိ စီမံကိန်းဝင်ကျေးရွာ (၁၀) ရွာ မှ သင်တန်းသား (၂၀) ဦးတက်ရောက် မည်ဖြစ်ကြောင်းသိရသည်။
သူရ(ပုံတောင်)