စစ်ကိုင်းမြို့၌ ရှေးဦးပြုစုနည်း (အခြေခံ) သင်တန်း (၁/၂၀၂၀) ဆင်းပွဲနှင့် မြို့နယ် ကြက်ခြေနီအသင်းခွဲမှ မိသားစုဝင်များ၏ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်ခဲ့ သူများအား ဆုချီးမြှင့်ပွဲကျင်းပ

စစ်ကိုင်း ဩဂုတ် ၁၉

မြန်မာနိုင်ငံကြက်ခြေနီအသင်း စစ်ကိုင်းမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြီးမှူးကျင်းပသည့် ရှေးဦးပြုစုနည်း (အခြေခံ) သင်တန်း (၁/၂၀၂၀) ဆင်းပွဲအခမ်းအနားနှင့် မြို့နယ် ကြက်ခြေ နီအသင်းခွဲမှ မိသားစုဝင်များ၏ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်ခဲ့သူများအား ဆုချီးမြှင့်ပွဲ ကို ယမန်နေ့ ညနေ(၃)နာရီက စစ်ကိုင်းမြို့နယ် မီးသတ်ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းခဲ့သည်။

အခမ်းအနားတွင် စစ်ကိုင်းမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးချန်မျိုးထွန်းနှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဌ ဦးစိုးမြင့်အောင်  တို့က သင်တန်းဆင်းအမှာစကားနှင့် သင်တန်း ဖွင့်လှစ်ပေးရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ကြကာ  သင်တန်း ဆင်းလက်မှတ်များကို ပေးအပ်ခဲ့ကြသည်၊ ထို့နောက်သင်တန်းတွင် သင်ကြားပေးခဲ့ကြသည့် နည်းပြများ အား အမှတ်တရလက်ဆောင်ကိုလည်းကောင်း၊ မြို့နယ်ကြက်ခြေနီအသင်းမှ မိသား စုဝင်များ၏ တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင်ခဲ့သူများအား မြို့နယ်ကြက်ခြေနီအသင်းခွဲ ဒုတိယဥက္ကဌ ဒေါ်သီတာခိုင်နှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုငွေများကို ချီးမြှင့်ပေးအပ် ခဲ့ကြသည်။

အဆိုပါသင်တန်းတွင် အခြေခံပတ်တီးစည်းနည်းများမှအစ မြေပြင်ထမ်းစင်ဖြင့် လူနာ သယ် လူနာကောက်နည်းစနစ်များအပါအဝင် ရှာဖွေအသက်ကယ်နည်းများကို သင်ကြားပေး ခဲ့ကြကာ မြို့ပေါ်ရပ် ကွက်များဖြစ်သည့် ပိုးတန်း၊ နန္ဒဝန်၊ မင်းလမ်း၊ မိုးဇာရပ် စသည့်ရပ်ကွက် အသီးသီးမှ သင်တန်းသား/သူ (၃၀)ဦးတက်ရောက်ခဲ့ကြကြောင်းသိရသည်။

မျိုးဝင်း (စစ်ကိုင်း)