လပွတ္တာ သြဂုတ် ၁၉
ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင်/ မြို့နယ်အဆင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို လပွတ္တာခရိုင် အထွေထွေအုပ်ချုပ်ဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၀ နာရီက ကျင်းပသည်။
အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲတွင် ခရိုင်အုပ်ချုပ်ရေးမှူးဦးဇော်မျိုးညွန့်က ရွေးကောက်ပွဲမတိုင်မီ ကြိုတင်ပြင်ဆင်ရမည့်အချက်များ၊ ရွေးကောက်ပွဲကာလအတွင်း ဆောင်ရွက်ရမည့်အချက်များ၊ မဲပေးပြီး လိုက်နာဆောင်ရွက်ရမည့် အချက်များ၊ မဲစားရင်းနှင့် ပတ်သက်သော အကြောင်းအရာများ၊ မဲစာရင်းပါ လူဦးရေ မှန်ကန်မှုရှိစေရေး၊ မဲရုံပြုလုပ်မည့်နေရာများ ကြိုတင်ပြင်ဆင်ထားရန်နှင့် လုံခြုံရေးများကို ရှင်းလင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ခရိုင်အထွေထွေရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌမှ လုပ်ငန်းဆောင်ရွက်ချက်များ ရှင်းလင်း ဆွေးနွေးပြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ခရိုင်ဦးစီးမှူးမှ လူဦးရေစာရင်းနှင့် မဲစာရင်းများကို မှန်ကန်မှုရရှိရေး မှတ်ပုံတင်မရှိသူများကို ကျေးရွာအရောက် ပြုလုပ်ပေးခြင်းများကို ဆောင်ရွက် ပေးလျက်ရှိကြောင်း ဆွေးနွေးခဲ့သည်။
ထို့နောက် လပွတ္တာမြို့နယ်နှင့် မော်လမြိုင်ကျွန်းမြိုနယ်တို့မှ မြို့နယ်အုပ်ချုပ်ရေးမှူးတို့က လုပ်ငန်းဆောင်ရွက် ချက်များအား ရှင်းလင်းတင်ပြခဲ့ပြီး မော်လမြိုင်ကျွန်းမြို့နယ် အထွေထွေရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌက လုပ်ငန်းဆောင်ရွက်ချက်များအား တင်ပြဆွေးနွေးခဲ့ပြီး ခရိုင်အုပ်ချုပ်ရေးမှူးက လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။
ဝင်းကျော်မြင့် (လပွတ္တာ)