ညောင်ရွှေ၌ နိုင်ငံတော်မှ ဒုတိယအကြိမ်ပေးအပ်သည့် ထောက်ပံ့ကြေးငွေများအား သက်ဆိုင်ရာ ပြည်သူများထံ လက်ရောက်ပေးအပ်

ညောင်ရွှေ     ဩဂုတ်     ၁၉

ညောင်ရွှေမြို့နယ်၌ ကိုဗစ်-၁၉ ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်း စားအိမ်ထောင်စုများထံသို့ နိုင်ငံတော်အစီအစဉ်ဖြင့် ဒုတိယအကြိမ်ထောက်ပံ့ငွေများကို မြို့နယ် အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၏ ကြီးကြပ်မှုဖြင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေး တာဝန်ရှိသူများ က ကျေးရွာအလိုက် သက်ဆိုင်ရာပြည်သူများထံသို့ လက်၀ယ်အရောက်ပေးအပ်ခြင်းကို ဩဂုတ်(၁၈)ရက်နှင့်(၁၉)ရက်နေ့များတွင် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ညောင်ရွှေမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများတွင် ပုံမှန်ဝင်ငွေမရှိသည့်အိမ်ထောင်စု ပေါင်း (၅၁၂၇)စုရှိပြီး တစ်အိမ်ထောင်စုလျှင် ထောက်ပံ့ကြေးငွေ (၂၀၀၀၀) ကျပ်နှုန်းဖြင့် စုစုပေါင်း ထောက်ပံ့ပေးအပ်ငွေ ကျပ်(၁၀၂,၅၄၀,၀၀၀/)ကို ယနေ့အပြီးသတ် ပေးအပ်ခဲ့ပြီး ဖြစ်ကြောင်း သိရှိရ သည်။

စိုင်းအယ်ဘဲ