နတ်မောက် သြဂုတ် ၁၉
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေးကြီးအတွင်း One State One Township Project အရအကောင်အထည်ဖော်ဆောင်ရွက်မည့်တောင်/မြောက်လမ်း ကွန်ကရစ်ခင်းခြင်း လုပ်ငန်း နှင့်ပတ်သက်၍ မူလ ကွန်ကရစ်လမ်း၏ လက်ရှိအခြေအနေအား သြဂုတ်လ (၁၈)ရက်နေ့ နေ့လည်(၂)နာရီက မကွေးခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ၊ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးနိုင် ၊မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ၊မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမော်နှင့် သက်ဆိုင်ရာဌာနများမှ တာ၀န်ရှိသူများ လိုက်ပါလျှက် ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ရာ လုပ်ငန်းဆောင်ရွက်မည့် အခြေအနေများနှင့်ပတ်သက်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ၊ တာဝန်ခံ အင်ဂျင်နီယာ ဦးဇော်ထွန်းကျော် က ရှင်းလင်း တင်ပြခဲ့ကြောင်းသိရသည်။
လှဝင်း(နတ်မောက်)