ညောင်ရွှေ ဩဂုတ် ၁၉
၂၀၂၀-ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပပြု လုပ်နိုင်ရေးအတွက် ညောင်ရွှေမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေး မှူး ဦးငြိမ်းချမ်းဦးဆောင်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဌ ဦးတင်မောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်ဝေမာအောင်နှင့် သက်ဆိုင်ရာ ရပ် ကွက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူများသည် ယနေ့ နံနက်(၁၁)နာရီက မြို့ပေါ်ရှိ ရပ်ကွက်များအတွင်း မဲဆန္ဒရှင်စာရင်းများ ပြည့်စုံ မှန်ကန်မှုရှိစေရေးအတွက် နေအိမ်အရောက် ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် အိမ်ထောင်စုလူဦးရေနှင့် မဲစာရင်းကိုက်ညီမှုမှန်ကန်မှုရှိမရှိ၊ မဲစာရင်း တွင်ပါရှိသော အချက်အလက်များ ပြည့်စုံမှန်ကန်မှုရှိမရှိ စသည်တို့ကိုတိုက်ဆိုင်စစ်ဆေးခဲ့ကြပြီး လိုအပ်သည့်ပြင်ဆင် ဖြည့်စွက်မှုများကို သက်ဆိုင်ရာရပ်ကွက်/ကျေးရွာရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများမှ တစ်ဆင့် မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ မှ အချိန်နှင့်တစ်ပြေးညီ ပြင်ဆင်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
စိုင်းအယ်ဘဲ