မိုးညှင်း ဩဂုတ် ၁၀
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ် ကာမိုင်းမြို့အတွက် ရေဘေးကယ်ဆယ်ရေး လှေနှင့်ဆက်စပ်ပစ္စည်းများကို ယနေ့ နံနက် ၁၁ နာရီက ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံး၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရ သည်။
အဆိုပါ ထောက်ပံ့ရေးပစ္စည်းများပေးအပ်ရာတွင် ဖားကန့်မြို့နယ် ကာမိုင်းမြို့ဧရိယာအတွင်း၌ နှစ်စဉ် ရေကြီး ရေလျှံများဖြစ်ပေါ်လျက်ရှိရာ ရေဘေးအန္တရာယ်အတွက် ဒေသခံပြည်သူများအား ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်နှင့် အိမ်ထောင်စုဝင်များကို ရေဘေးလွတ်ရာ ကယ်ဆယ်ရေး စခန်းများသို့ ပြောင်းရွှေ့ပေးနိုင်ရန်အတွက် ရှာဖွေကယ်ဆယ်ရေး ဖိုက်ဘာစက်လှေ(13 HP) တစ်စီး၊ လူကြီးဝတ် အသက်ကယ်အင်္ကျီ အထည်(၂၀)၊ အသက်ကယ်ဘောကွင်း (၁၀)ကွင်း၊ အသက်ကယ်ကြိုးခွေကြီး (၅)ခွေစသည်တို့ကို ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန တာဝန်ရှိ သူများမှ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းဆွေ ဦးဆောင်သည့်အဖွဲ့ဝင်များထံသို့ လွှဲပြောင်း ပေး အပ် ခဲ့ကြောင်း သိရသည်။
ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့သည် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံးရှိ ကယ်ဆယ် ရေးပစ္စည်းများအား သိုလှောင်ထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သိရ သည်။
ဇွဲသူရအောင်