နောင်ချို ဩဂုတ် ၁၀
ကမ္ဘာ့နိုင်ငံအသီးသီးတွင် ဖြစ်ပွားလျက်ရှိသော ကိုဗစ်-၁၉ရောဂါသည် ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့နယ်တွင် ဖြစ်ပေါ်ပျံ့ပွားလျက်ရှိရာ လူစုလူဝေး ဖြစ်စေသော နောင်ချိုမြို့မဈေးနှင့်ကျေး လက်ဈေးများ ၊ ညဈေးတန်း တို့ကို ဩဂုတ် ၂၄ ရက်နေ့ အထိတိုးမြှင့်၍ ယာယီ ပိတ်ထားမည် ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးဌာနမှ သိရသည်။
နောင်ချိုမြို့နယ်တွင် ဩဂုတ်လ ၉ ရက်နေ့အထိ ပိုးတွေ့လူနာ (၉၈၄)ဦး ထိရှိလာပြီး ပိုးတွေ့မှုနှုန်းများ ပြားလျက်ရှိရာ ရောဂါတားဆီးကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် နောင်ချိုမြိုနယ်စည် ပင်သာယာရေး ဌာန၏ ကွပ်ကဲမှုအောက်ရှိ နောင်ချိုမြို့မဈေးကြီးနှင့်ကျေးလက်ဈေးများ ဖြစ်သည့် ဘန့် ဘွေးဈေး၊ ဟိုခိုဈေး၊ သုံးဆယ်ဈေး ၊ ကံကြီးဈေးများနှင့် နောင်ချိုညဈေးတန်းတို့ကို ၂၃-၆-၂၀၂၁ ရက်နေ့မှ စတင် ပိတ်ထားခဲ့ပြီး ရောဂါပိုးတွေ့ရှိသူများ နေ့စဉ်များပြားလျက်ရှိသဖြင့် ဩဂုတ် ၂၄ ရက်နေ့ထိ တိုးမြှင့်ကာ ယာယီပိတ်ထားမည် ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးဌာမှ သိရသည်။
ထွေးငယ်၊(ပြန်/ဆက်)