အမ်း သြဂုတ် ၁၀
အမ်းမြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးအတွက် အထောက်အကူဖြစ်စေမည့် အောက်ဆီဂျင် စက်ရုံတည်ဆောက်နေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဌေးအောင်နှင့်အဖွဲ့ဝင်များ က သြဂုတ်လ(၁၀)ရက် နံနက်(၁၀)အချိန်သွားရောက်ကြည့်ရှု့စစ်ဆေးခဲ့ပြီး လိုအပ်ချက်များအား ပေါင်းစပ်ညှိနိုင်းဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။
၎င်းအောက်ဆီဂျင်စက်ရုံကို အမ်းမြို့နယ်အောက်ဆီဂျင်စက်ရုံဖြစ်မြောက်ရေးကော်မတီအဖွဲ့မှ ဦးဆောင် ၍ ဇူလိုင်လ(၁၄) ရက်နေ့မှစတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး စုစုပေါင်းအလှူရှင် (၅၅၆)ဦးမှ လှူဒါန်းငွေကျပ်(၁၅၂၅၁၀၀၀၀) ကျပ်အားလှူဒါန်းခဲ့ကြောင်းသိရှိရသည်။
အောက်ဆီဂျင်စက်ရုံတည်ဆောက်ရန် မြေနေရာအား အေးရိပ်သာကျောင်းဆရာတော်ကလှူဒါန်းခဲ့ပြီး အောက်ဆီဂျင်စက်ရုံအဆာက်အဦ(၄၀-ပေ၊ ၃၀-ပေ)အား တည်ဆောက်လျက်ရှိရာ (၄၀)ရာခိုင်နှုန်းခန့် ပြီးစီးကြောင်းသိရသည်။
အဆိုပါအောက်ဆီဂျင်စက်ရုံပြီးစီးပါက တစ်ရက်လျှင် အောက်ဆီဂျင် (၄၀)လီတာဘူး (၁၀၀)လုံး ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်းနှင့် မြို့နယ်အတွင်းအရေးပေါ်လူနာများနှင့် လက်ရှိဖြစ်ပေါ်နေသော ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူများအတွက် လိုအပ်သည့် အောက်ဆီဂျင်ကို ထောက်ပံ့ပေးနိုင် မည်ဖြစ်ကြောင်း အမ်းမြို့နယ်အောက်ဆီဂျင်စက်ရုံဖြစ်မြောက်ရေးကော်မတီထံမှ သိရှိရသည်။
စိုးမင်းထွန်း