စုကလိ သြဂုတ် ၁၀
ကရင်ပြည်နယ်၊ မြ၀တီခရိုင်၊ စုကလိမြို့ ဆုံစည်းမြိုင်ကျေးရွာတွင် BMP ဆင်းသုခစပါးမျိုးဖြင့် စံပြစိုက်ခင်း အဖြစ် စတင် စမ်းသပ်စိုက်ပျိုးခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ကြသည်။
ဆုံဆည်းမြိုင်ကျေးရွာမှတောင်သူဦးကချင်နှင့်ဦးဖားကောနောတို့၏ လယ်ဧက ၁၅ ၕကတွင် BMP ဆင်းသုခ စပါးမျိုးအားစံပြစိုက်ခင်းအဖြစ် စုကလိမြို့စိုက်ပျိုးရေးဦးစီးဌာန၏အစီအစဉ်ဖြင့် တောင်သူများမှ ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ BMPဆင်းသုခစပါးမျိုးသည်၊မျိုးကောင်းမျိုးသန့်ဖြစ်ခြင်း၊စိုက်ပျိုးသည့်ကာလအချိန်မှန်ခြင်း၊မှန်ကန်သည့် မြေအမျိုးအစားတွင် စိုက်ပျိုးလျင်စပါးအထွက်နှုန်းကောင်းမွန်၍ စိုက်ပျိုးသည့်တောင်သူအတွက် အကျိုးများ စွာဖြစ်ပေါ် စေနိုင်သဖြင့်စံပြစိုက်ခင်းအဖြစ် စမ်းသပ်စိုက်ပျိုးခြင်းဖြစ်ကြောင်း စုကလိမြို့စိုက်ပျိုးရေးဦးစီးဌာန တာ၀န်ရှိသူတစ်ဦးထံမှသိရသည်။
ပိုပိုအောင်