ပုံပါကျင်မြို့၌ ကျေးရွာ(၄)ရွာအား ဆိုလာမီးထောက်ပံ့ပေးအပ်

ပုံပါကျင်  ဩဂုတ် ၁၀

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့၌ ကျေးရွာ(၄)ရွာအား ဆိုလာမီး(၁၆၁)စုံ ထောက်ပံ့ပေးအပ်ခြင်းအခမ်းနားကို ယနေ့နံနက်(၁၀)နာရီက ဟွေအောကျေးရွာခန်းမဆောင်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

အိမ်သုံးဆိုလာမီး ထောက်ပံ့ပေးအပ်ခြင်းကို နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးစိုးလွင်၊ မိုင်းတုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်မိုးနှင့် တာဝန်ရှိသူတို့က မိုင်းတုံမြို့နယ်၊ မိုင်းဟန်ကျေးရွာအုပ်စုနှင့် နမ့်ဟူးခွန်ကျေးရွာအုပ်စုရှိ တာကွမ်ကျေးရွာ၊ နမ့်ယွန်းကျေးရွာ၊ ပါချီးကျေးရွာနှင့် အောင့်လောက်ကျေးရွာများရှိ အိမ်ထောင်စု(၁၆၁)အတွက် အိမ်သုံး Solar (၁၆၁)စုံကို ပေးအပ်ရာ ကျေးရွာသူ/ သားများကိုယ်စား ဦးအိုက်ပလိပ်က လက်ခံရယူခဲ့ကြောင်း သိရသည်။

 

နန်းဖြူဖြူနိုင်