သင်္ဃန်းကျွန်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်မှု လျော့နည်းစေရေးအတွက် အသိပေး နှိုးဆော်ချက်များအား အသံချဲ့စက်များဖြင့် ရပ်ကွက်များ၊ စျေးများအတွင်း လှည့်လည်ကြေညာ

ရန်ကုန် သြဂုတ် ၁၁

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်တွင် ကူးစက်မြန် ကိုဗစ်-၁၉ရောဂါ ကူးစက်မှု လျော့နည်းစေရေးအတွက် ယမန်နေ့နံနက် ၇ နာရီက မြို့နယ်အတွင်းရှိ ရပ်ကွက်များ၊ စျေးများအတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး အသိပေး နှိုးဆော်ချက် များအား အသံချဲ့စက်များဖြင့် လှည့်လည်ကြေညာပေး လျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင်   ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ် စည်ပင်သာယာရေး ဝန်ထမ်းများက  ကိုဗစ်-၁၉ရောဂါ ကူးစက်မှု လျော့နည်းစေရေး အတွက် ရောဂါကာကွယ်ရေး လုပ်ငန်းများကို မိဘပြည်သူများအား သိရှိလိုက်နာရမည့် စည်းကမ်းချက်များ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ နေထိုင်ကြစေရန်အတွက် နေ့စဉ်ရပ်ကွက်များအတွင်း လှည့်လည်၍ အသိပညာပေး နှိုးဆော်လျက်ရှိကြောင်း သိရသည်။

စန္ဒာမိုး(ပြန်/ဆက်)