အမြို့မြို့အနယ်နယ်သတင်းများ

Aug 11,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်စည်ပင်သာယာရေးကော်မတီမှ ကသာမြို့ရှိ ဈေးများ အတွင်း၌ ဈေးရောင်း/ ဈေးဝယ်ပြည်သူများအား Mask(နှာခေါင်းစည်း)၊ Face Shield များ ပေးဝေခြင်းနှင့် ကိုဗစ်-၁၉ရောဂါအသိပညာပေးခြင်းလုပ်ငန်းကို ဩဂုတ်လ(၁၁)ရက်နေ့၊ နံနက်(၈)နာရီ အချိန်ခန့်က  ကသာမြို့ သီရိခေမာဈေးနှင့် မြို့မဈေးကြီးအတွင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Aug 11,2021
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊မော်လမြိုင်ကျွန်းမြို့နယ် ၊အားကစားခန်းမသစ်၌ ယနေ့ နံနက် ၉နာရီ အချိန် ကစတင်၍ နေ့လည်၁နာရီမှ ညနေ ၄ နာရီအထိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်း လုပ်ငန်းကို ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Aug 11,2021
ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းဖြစ်ပွားလျက်ရှိပြီး ရောဂါကူးစက်ပြန့်ပွားမှုမှာ နေ့စဉ်ကူးစက်မှုများ ဖြစ်‌ပေါ်လျက်ရှိသောကြောင့် ရောဂါကူးစက်မှုမခံရစေရေးအတွက် ယနေ့နံနက်ပိုင်းအချိန်က ကရင်ပြည်နယ်ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူးနှင့်ဝန်ထမ်းများက ရပ်ကွက်များအတွင်းနှင့်ယာယီပျံကျဈေးသို့သွားရောက်ပြီး ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
Aug 11,2021
          ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ တတိယလမ်းကြီးရှိ ဘင်္ဂါလီဂျာမေဗလီကြီးတွင် ဗလီအသင်းဝင် ပရဟိတအဖွဲ့မှ နေ့စဉ်နံနက်တိုင်း "ပြည်သူမှပြည်သူသို့" အစီအစဉ်ဖြင့် အောက်စီဂျင် လိုအပ်လျက်ရှိသည့် ပြည်သူများကို အောက်စီဂျင်များ အခမဲ့ဖြန့်ဝေပေးလျက်ရှိသည်။
Aug 11,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို စွမ်းစွမ်းတမံ ဆောင်ရွက်နေသော ကြက်ခြေနီသူနာပြုတပ်ဖွဲ့အတွက် အလှူငွေနှင့် ကိုဗစ်-၁၉ ကာကွယ်ရေးသုံးပစ္စည်းများကို စေတနာရှင် အလှူရှင်များက လာရောက်လှူဒါန်းလျက်ရှိကြောင်း သိရသည်။
Aug 11,2021
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး Mask  Campaign လှုပ်ရှားမှုများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်၈နာရီက မြို့မစည်ပင်သာယာစျေး၌ Mask Campaign ပြုလုပ်ခဲ့ကြောင်းသိရသည်။