ဒဂုံတောင် သြဂုတ် ၁၁
ဒေသခံမိဘပြည်သူများအား ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ အခမဲ့စစ်ဆေးပေးခြင်းကို ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်ရှိ အောင်မြင့်မိုရ် အိမ်ရာဓမ္မာရုံ ပြည်သူ လူထုအခြေပြု ကိုစ်-၁၉ရောဂါ ရှာဖွေရေးဌာန(TEST CENTER)တွင် အပတ်စဉ် အင်္ဂါနေ့နှင့် သောကြာနေ့တို့တွင် မြိုနယ်ဆရာဝန်ကြီး ဒေါက်တာတင်တင်ဆွေ ဦးစီးအဖွဲ့မှ စစ်ဆေး ဆောင်ရွက် ပေးလျက်ရှိသည်။
ထိုသို့စစ်ဆေးပေးရာတွင် မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ စစ်ဆေးချင်သူ မိဘပြည်သူများအား အပတ်စဉ် အင်္ဂါနေ့နှင့် သောကြာနေ့များတွင် နံနက် ၉ နာရီမှ ၁၂ နာရီထိ စစ်ဆေးပေးလျက်ရှိရာ ယမန်နေ့ သြဂုတ်လ ၁၀ ရက် အင်္ဂါနေ့တွင် မြို့နယ်တွင်းနှင့် နီးစပ်ရာမြို့နယ်များမှ ကိုဗစ်-၁၉ရောဂါ သံသယရှိ လူနာကျား(၁၆)ဦး၊ မ(၇)ဦးအား စစ်ဆေးပေးရာ ကျား(၄)ဦးနှင့် မ(၄)ဦးတွင် ရောဂါပိုးတွေ့ရှိခဲ့ပြီး ယနေ့(၄)ကြိမ်မြောက် စစ်ဆေးပေးခဲ့ရာ၌ ပြည်သူ(၁၃၆)ဦးထိ စစ်ဆေးပေးခဲ့ပြီး ဖြစ်ကြောင်း မြို့နယ်အဆင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)