ရန်ကုန် သြဂုတ် ၁၁
ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန် ကျန်းမာရေးအထောက်အကူပြုပစ္စည်းများနှင့် အလှူငွေများ လှူဒါန်းခြင်းကို တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမတွင် ယမန်နေ့ နံနက် ၁၀ နာရီက ကိုဗစ် -၁၉ ရောဂါ လမ်းညွှန်ချက်များ၊ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ကျင်းပသည်။
အလှူငွေများပေးအပ်လှူဒါန်းပွဲသို့ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှစိုး၊ ရန်ကုန်တိုင်း စစ်ဌာချုပ် တိုင်းမှူးဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် အလှူရှင်များ တက်ရောက်ကြသည်။
အခမ်းအနားတွင် ဦးဇင်မြင့်အောင် မှ အလှူငွေ ကျပ် ၁၂၅ ,၀၀၀ ,၀၀၀ တန်ဖိုးရှိ Oxygen Plant စက်(၁)လုံး၊ ထက်ကမ္ဘာကျော်ကုမ္ပဏီမှ အလှူငွေကျပ် ၆၀,၀၀၀,၀၀၀ တန်ဖိုးရှိ အောက်ဆီဂျင် ဆလင်ဒါ ၄၀ လီတာအိုး(၂၀၀) ၊ ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်ဂေါပကအဖွဲ့မှ အလှူငွေ ကျပ် ၁၆,၀၀၀ ,၀၀၀ ၊ PHONE KING ဟန်းဆက်နှင့်ဖုန်း အမျိုးမျိုးရောင်းဝယ်ရေးမှ အလှူငွေ ကျပ် ၁၀,၀၀၀ ,၀၀၀ တန်ဖိုးရှိ Enoxaparin Sodium Injection (60mg) သွေးကျဲဆေး (၅၀၀)လုံး၊ ဦးအောင်ထွေး(ဓနဒီပသီဟကုမ္ပဏီ) မှ အလှူငွေကျပ် ၁၀,၀၀၀,၀၀၀ ၊ ဝိန့်စိန်ရွှေဆိုင် မိသားစုမှ အလှူငွေ ကျပ် ၅,၀၀၀ ,၀၀၀၊ Myanmar Golden Wes Co.,Ltd မှ အလှူငွေကျပ် ၃၅,၀၀၀,၀၀၀ တန်ဖိုးရှိ အောက်ဆီဂျင်ဆလင်ဒါ ၄၀ လီတာ (၁၀)အိုး ၊ Absolutely Perfect Light Co.,Ltd မှ အလှူငွေကျပ် ၃,၀၀၀,၀၀၀ တန်ဖိုးရှိ စက္ကူလူနာကုတင် အလုံး (၅၀) ၊ Royal Kite Co.,Ltd မှ အလှူငွေကျပ် ၃,၀၀၀,၀၀၀ တန်ဖိုးရှိ စက္ကူလူနာကုတင် အလုံး(၅၀) ၊ ဦးကိုကိုကျော်စွာ+ ဒေါ်ချယ်ရီတင်၊ သား ကောင်းခန့်လင်း ( PUKKA Co.,Ltd) မှ အလှူငွေကျပ် ၅၀၀,၀၀၀ တို့ကိုပေးအပ်လှူဒါန်းရာ ဝန်ကြီးချုပ် ၊ တိုင်းမှူးနှင့်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများက လက်ခံရယူပေးကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာများပြန် လည်ပေးအပ်ခဲ့သည်။
ထို့နောက် ဝန်ကြီးချုပ် ဦးလှစိုး ကရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက် ဖြစ်ပွားမှုတစ်ဖြည်းဖြည်းကျဆင်းနေပြီး ဆက်လက်ထိန်းချုပ်နိုင်ရန် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် ဝန်ကြီးဌာနများမှဦးစီးဌာနများ ၊ Volunteer များက ကြိုးစားဆောင် ရွက်နေကြသလို ယခုကဲ့သို့စေတနာရှင်မိဘ ပြည်သူများကတစ်ဘက်တစ်လမ်းမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင်အသုံးပြုရန်အလှူငွေ နှင့်ကျန်းမာရေး အထောက် အကူပြုပစ္စည်းများ လာရောက်လှူဒါန်းပေးသည့်အတွက် အလှူရှင်များအားလုံးကို ကျေးဇူးတင်ရှိပါ ကြောင်း ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများကို ပြည်သူလူထု၏ပူးပေါင်းပါဝင်မှုဖြင့် အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိပြီး ယနေ့စေတနာရှင် အလှူရှင်များမှ လှူဒါန်းသည့် ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ၊ လှူဒါန်းငွေများ၏ စုစုပေါင်းတန်ဖိုး ၂၃၆၀ သိန်းဖြစ်ကြောင်း သိရသည်။
ဆန်းကျော်ဦး (ပြန် / ဆက်)