ဂွ သြဂုတ် ၁၁
ဂွမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်ကျော်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်လင်းနှင့် ဌာနဆိုင်ရာများက စုပေါင်း၍ ယမန်နေ့ နေ့လည်ပိုင်းတွင် မင်းဓမ္မရိပ်သာကျောင်း၊ အေးရိပ်သာမင်းတောင် တောင်ပေါ်ကျောင်း၊ မင်းတောင်တောရကျောင်းနှင့် မင်းတောင်မြကန်သာကျောင်းစသည့် ဘုန်းတော်ကြီး ကျောင်းများသို့ ဆန်နှင့်အခြား လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း ဘုန်းတော်ကြီးကျောင်းများတွင် သီတင်းသုံးတော်မူသည့် ဆရာတော်၊ သံဃာတော်များ ဆွမ်းကွမ်းနှင့် ဝေယျာဝစ္စ ပစ္စည်းများ အခက်အခဲမရှိစေရန် ရည်ရွယ်၍ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာ များက ဘုန်းတော်ကြီး တစ်ကျောင်းလျှင် ဆန်၂အိတ် ၊ ဆီ 2L ၂ဗူး၊ ကြက်ဥအလုံး ၆၀၊ ဆပ်ပြာထုပ်ကြီး၁ထုပ်၊ ဆပ်ပြာ၁ဗူး၊ Family Care ဆပ်ပြာ၄ခဲ၊ သွားတိုက်ဆေး ၁ ကတ်၊ လက်ဖက်ရည်ထုပ် ၅ထုပ်၊ လက်ဖက်ခြောက် ၂ထုပ်၊ ကြက်သွန်နီ ၁ပိသာ၊ ကြက်သွန်ဖြူ ၅၀ကျပ်သား၊ အာလူး ၁ ပိဿ၊ ဆား ၁ ပိဿ၊ လေဆာဘရိတ်ဓား ၁၀ဗူး၊ Mask.အခု၁၀၀၊ Faceshield 10 ခုစီ လှူဒါန်းခဲ့ကြောင်း သိရသည်။
ရွှေရည်ဝင်း