မလှိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ပိုးတွေ့ လူနာ (၅) ဦး ထပ်မံတွေ့ရှိ

မလှိုင်  ဩဂုတ် ၃၁

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်သို့ ရပ်ဝေးဒေသမှ ပြန်လည်ရောက်ရှိလာသူများ Quarantine ဝင်ရောက်ပြီး သတ်မှတ်ရက်ပြည့်သူများနှင့် ပိုးတွေ့လူနာနှင့်ထိတွေ့ခဲ့သူတို့အား ကိုဗစ်-၁၉ ပိုး ရှိ / မရှိ (RDT Test Kit )ဖြင့် ယမန်နေ့ ညနေ ၅ နာရီက ပြည်သူ့ဆေးရုံတွင်(၁)ဦး စစ်ဆေးခဲ့ရာ ပိုးမတွေ့ရှိသော်လည်း ကျောက်တန်းတိုက်နယ် ဆေးရုံတွင် စစ်ဆေးသည့် (၅) ဦးတွင် (၁)ဦး ၊ ဆည်တိုတိုက်နယ်ဆေးရုံတွင် စစ်ဆေးသည့် (၃၅) ဦး တွင် (၄)ဦးတို့တွင် ပိုးတွေ့ရှိခဲ့သဖြင့် စစ်ဆေးသူစုစုပေါင်း( ၄၁)ဦးတွင် (၅) ဦး၌ ပိုးတွေ့ခဲ့ကြောင်းသိရသည်။

ကျောက်တန်းတိုက်နယ် ဆေးရုံမှ ပိုးတွေ့လူနာ(၁)ဦးမှာ ကျောက်တန်းကျေးရွာမှ အသက်(၈၅) နှစ်ရှိအမျိုးသမီးဖြစ်ပြီး ဆည်တို တိုက်နယ် ဆေးရုံမှ ပိုးတွေ့လူနာ(၄) ဦးမှာ ဆည်တိုရွာမ ကျေးရွာမှ အသက်(၄၉) နှစ်ရှိ အမျိုးသား (၁) ဦးနှင့် အသက်(၄၈)နှစ်ရှိ အမျိုးသမီး(၁)ဦး၊ ကသစ်ပင်ကျေးရွာမှ အသက်(၃ဝ) နှစ်ရှိ အမျိုးသား(၁)ဦး၊ ညောင်ကုန်း ကျေးရွာမှ အသက်(၄၂) နှစ်ရှိ အမျိုးသား(၁)ဦးတို့ဖြစ်သည်။ ပိုးတွေ့လူနာများကို သက်ဆိုင်ရာဆေးရုံများတွင် သီးခြား ထားရှိပြီး ကျန်းမာရေး စောင့်ရှောက်မှုပေးထားကြောင်း သိရသည်။

မလှိုင်မြို့နယ်တွင် ဩဂုတ် (၃ဝ) ရက်နေ့အထိ ကိုဗစ်-၁၉ ပိုးတွေ့ အတည်ပြုလူနာ (၅၆၃) ဦး၊ ကျန်းမာရေး ကောင်းမွန်၍ ဆေးရုံမှဆင်းခွင့်ရသူ (၄၇၆ ) ဦး၊ သေဆုံးသူ(၁၁) ဦးရှိကြောင်း သိရသည်။

အောင်ဌေး(မလှိုင်)