တွံတေး သြဂုတ် ၃၁
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်အတွင်း ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသက် ၆၅ နှစ်အထက် သက်ကြီးအဘိုးအဘွားများနှင့် နိုင်ငံဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ၊ သံဃာတော်များနှင့် သီလရှင်များအား (ပထမအကြိမ်) ကိုဗစ်- ၁၉ ကာကွယ်ဆေး Sinopharm ကို တွံတေးမြို့နယ်အ.ထ.က( ၁)ကျောင်းနှင့်ကျေးရွာ အုပ်စု စုရပ်(၁၃)နေရာတွင် သြဂုတ် ၂ ရက်နေ့မှ ၂၅ရက်နေ့အထိ လူဦးရေစုစုပေါင်း ၆၈၄၂ ဦးတို့အား ထိုးနှံပေးနိုင်ခဲ့ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ထိုသို့ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းအား တွံတေးမြို့နယ် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးလုပ်ငန်းကော်မတီမှ ဦးဆောင်ကာတွံတေး မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ပြည် သူ့ကျန်းမာရေးမှူး ဒေါက်တာ မျိုးဇော်လှ နှင့် ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီစေတနာလုပ်အားရှင်များ၊ မီးသတ်တပ်ဖွဲ့ဝင် များက ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး လာရောက်ထိုးနှံသူ အဘိုးအဘွားများ၊ ဌာနဆိုင်ရာဝန်ထမ်း များ၊ စေတနာ့ဝန်ထမ်းများ၊ သံဃာတော်များနှင့် သီလရှင်များအား စာရင်းရေးသွင်းခြင်းနှင့် ကျန်းမာရေးစစ်ဆေးခြင်းများဆောင်ရွက်ပြီး ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေးများအားစနစ်တ ကျထိုးနှံပေးခဲ့ကြောင်း သိရသည်။
ဒုတိယအကြိမ် ကိုဗစ်- ၁၉ရောဂါကာကွယ်ဆေး(SINOPHARM) ကို စက်တင်ဘာ(၂)ရက်နေမှ စတင်ကာ ယခင်စုရပ်များအတိုင်း ကွင်းဆင်းဆောင်ရွက်ပေးသည့် ရက်စွဲများအတိုင်း ထိုးနှံပေး သွားမည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရှိရသည်။