ရွှေပြည်သာမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး လျက်ရှိ

 

ရွှေပြည်သာ   သြဂုတ် ၃၁

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်တွင် အသက် (၆၅)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများ၊ ဝန်ထမ်းများနှင့် volunteer များအားကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခြင်းလုပ်ငန်းကို ယနေ့ နံနက်(၁၀)နာရီမှစ၍ ရွှေပြည်သာ မြို့နယ်၊ အမှတ်(၁၀)ရပ်ကွက်၊ အ.လ.က(၂)ကျောင်းတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးရာတွင် ရွှေပြည်သာမြို့ နယ်ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာမြတ်မြတ်နှင်း ဦးဆောင်သည့် ကျန်းမာရေးဝန်ထမ်းများကထိုးနှံ ပေးခြင်းဖြစ်ပြီး ဩဂုတ်လ ၄ ရက်နေ့က ပထမအကြိမ်ကာကွယ် ဆေးထိုးနှံပေးခဲ့သည့် နိုင်ငံ့ဝန်ထမ်းများ၊ အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများနှင့် volunteerများကို ဒုတိယအကြိမ် ကာကွယ် ဆေးထိုးနှံပေးခြင်းဖြစ်ပြီးကာကွယ်ဆေးထိုးနှံခြင်းမပြုမီ လက်သန့်ဆေးရည်ဖြင့် လက်ဆေးခြင်း၊ ကိုယ်အပူချိန်တိုင်း တာပေးခြင်း၊ သွေးပေါင်ချိန်တိုင်း တာပေးခြင်း၊ ကာကွယ်ဆေးထိုးပြီးပါက မိနစ်(၃၀)ကြာ စောင့်ကြပ် ကြည့်ရှုခြင်းများ ဆောင် ရွက်ပြီး ကာကွယ်ဆေးထိုးနှံပြီးသူများအား ကာကွယ်ဆေးထိုး နှံခြင်းမှတ်တမ်းကတ်ပြားနှင့် အားဖြည့်ဆေးဝါးများ ပေးအပ်ခဲ့ ကြောင်းသိရသည်။

ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးရာတွင် ကာကွယ်ဆေးထိုးနှံ သူစုစုပေါင်း(၁၄၃)ဦးရှိကြောင်း သိရသည်။

သန္တာ