တံတားဦးမြို့နယ်၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးသူများကို ဒုတိယ အကြိမ်ဆက်လက်ထိုးနှံပေးလျက်ရှိ

 

တံတားဦး  ဩဂုတ် ၃၁

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီး သူများကို ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးခြင်းကို ယနေ့နံနက်(၉)နာရီက မှတ်(၃)ရပ်ကွက် ၊ သုခိတ ကမ္ဘောဇဗိမ္မာန် ၊ တံတားဦးမြို့နယ် တိုက်နယ်ဆေး ရုံများနှင့် မြို့နယ်အတွင်းရှိ ကျေးလက် ကျန်းမာရေးဦးစီးဌာနတို့တွင် စုရပ်အဖြစ်သတ်မှတ်၍ ကာကွယ်ဆေးများဆက် လက်ထိုးနှံပေးကြောင်း သိရသည် ။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးရာတွင် စနစ်တကျဖြစ်ရေးအတွက် မြို့နယ်ကျန်းမာရေးဝန်ထမ်းများ ၊ မြို့နယ်မီး သတ်တပ် ဖွဲ့ဝင်များ ၊ မြို့နယ်အထွေထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ ၊ စေတနာ့ရှင် ပရဟိတလူမှုရေးအဖွဲ့များ ၊ မြို့နယ်ကြက် ခြေနီတပ်ဖွဲ့ဝင်များက ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ရောဂါကာကွယ်ရေး ညွှန်ကြားချက် များနှင့်အညီ နေရာချထားပေးပြီး  မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီမှ တာဝန်ရှိသူများ လိုက်လံကြည့်ရှု၍ အားပေးစကား ပြောကြား ကြောင်းသိရသည်။

ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကို ဦးစားပေးအစီအစဉ်အလိုက် ရပ်ကွက် ၊ ကျေးရွာများမှ အသက်(၆၅)နှစ် အထက်သက်ကြီး ဘိုး’ဘွားများ ၊ ဆရာတော်များ ၊ ဝန်ထမ်းများ ၊ ဝန်ထမ်းနှင့် အတူနေမိသားစုများ ၊ စေတနာ့ရှင်ပရဟိတဝန်ထမ်းများ စုစုပေါင်း (၇၁၈၆)ဦးကို ပထမအကြိမ် ကာကွယ်ဆေး ထိုးနှံပေးပြီးဖြစ်ကြောင်း ၊ ဒုတိယအကြိမ်အဖြစ် ကာကွယ်ဆေးလာရောက် ထိုးနှံသူ ပေါင်း (၅၅၀)ဦး ရှိကြောင်းလည်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည် ။

 

ရဲတင့်