အမြို့မြို့အနယ်နယ်သတင်းများ

Aug 31,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်ပြည်သူ့ဆေးရုံအတွက် ပုတီးကုန်းမြို့အောင်နိုင်ရိုးမသစ္စာဆန်စက်မှ အောက်ဆီဂျင်အိုး(၈)လုံးပေးအပ်လှူဒါန်းပွဲကို ယနေ့ နံနက် ၉ နာရီက သဲကုန်းမြို့နယ်ပြည်သူ့ဆေးရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။
Aug 31,2021
မန္တလေးတိုင်းဒေသကြီး၊  ကျောက်ဆည်မြို့နယ်တွင် စားသုံးဆီ ဖူလုံပိုလျှံရေးအတွက် ဆီထွက် သီးနှံများဖြစ်သည့် နှမ်း၊ နေကြာ၊ မြေပဲ သီးနှံများစိုက်ပျိုးလျက်ရှိရာ ၂၀၂၁-၂၀၂၂ ခုနှစ် မိုးရာသီတွင် ဆီထွက်သီးနှံများကို လျာထားဧကထက်(၆၁)ဧက ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေး နှင့် စာရင်းအင်းဦးစီးဌာနမှ သိရှိရသည်။
Aug 31,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် (Sinopharm) အမျိုးအစား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး   ပထမအကြိမ်ထိုးပြီး(၂၈)ရက်   ပြည့်ပြီးသူများကို ဒုတိယကြိမ်အဖြစ် ယနေ့ နံနက် (၉) နာရီခွဲမှ စတင်၍  မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန နှင့်   ဘယ်လင်းအကျဉ်းဦးစီးဌာန တို့တွင် ကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
Aug 31,2021
ကော့သောင်းမြို့တွင် ကိုဗစ်-၁၉ရောဂါထိန်းချုပ်ကုသရေးနှင့် အရေးပေါ် လုပ်ငန်းများတွင် တက်ကြွစွာ ဘော်လံတီယာလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည့် မြို့၏အမာခံ စေတနာ့ဝန်ထမ်း ပရဟိတအဖွဲ့တစ်ဖွဲ့ဖြစ်သည့် ရွှေအဏ္ဏဝါ ပရဟိတအဖွဲ့ဝင်များအား မြို့မိမြို့ဖစေတနာရှင် မိသားစုက ယမန်နေ့မွန်းလွဲပိုင်းက PPE level 2 ဝတ်စုံ နှင့်ဆက်စပ်ပစ္စည်းများ ပေးအပ် လှူဒန်းခဲ့ကြောင်းသိရသည်။
Aug 31,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့တွင် ဇူလိုင်လက ပထမအကြိမ်အဖြစ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm)ထိုးနှံပြီးသူများအား ယမန်နေ့က ဒုတိယအကြိမ်အဖြစ်  ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
Aug 31,2021
ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ သဲကုန်းမြို့တွင် စေတနာရှင် အလှူရှင်များနှင့် မြို့နယ်အောက်ဆီဂျင်စက်ဖြစ်မြောက်ရေးကော်မတီတို့ပူးပေါင်း၍ သဲကုန်းမြို့ပြည်သူ့ဆေးရုံ အတွင်းရှိ အောက်ဆီဂျင်စက်ရုံတည်ဆောက်မည့်မြေနေရာ၌ ယနေ့ နံနက် ၈ နာရီ ၁၀ မိနစ်အချိန်က ပန္နက်တင် မင်္ဂလာပြုလုပ်ခဲ့ကြောင်း သိရသည်။
Aug 31,2021
စစ်ကိုင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှူး၍ စက်မှုကုန်ကြမ်းသီးနှံ ဝါသီးနှံ တိုးချဲ့စိုက်ပျိုး ရေးနှင့်အထွက်နှုန်းတိုးတက်ရေး ပညာပေးသင်တန်းဖွင့်ပွဲကို ယမန်နေ့၊ မွန်းလွဲ(၂)နာရီက အဆိုပါရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။
Aug 31,2021
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ပိုးတွေ့ရှိခဲ့သည့် လူနာများနှင့် ထိတွေ့ခဲ့သူများ၊ ဖျားနာ၊ ချောင်းဆိုး၊ အသက်ရှုကြပ်ပြီး မောင်တောပြည်သူ့ဆေးရုံသို့ လာရောက် ပြသခဲ့သူများအား ယမန်နေ့တွင် Rapid Diagn ostic Test (RDT) ဖြင့် စစ်ဆေးခဲ့ရာ စစ်ဆေးသူများ အနက်မှ(၂)ဦးမှာ ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိခဲ့ကြောင်း သိရသည်။