ဥတ္တရသီရိမြို့နယ် ရွှေသဇင်ဈေးရှိ ဈေးရောင်းချသူများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ RDT Test Kit ဖြင့် အခမဲ့ စစ်ဆေးပေး

နေပြည်တော်    ဩဂုတ် ၃၁

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရသီရိမြို့နယ် ရွှေသဇင်ဈေးအတွင်းရှိ ဈေးရောင်းချသူ များအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ RDT Test Kit ဖြင့် အခမဲ့ စစ်ဆေးပေးခြင်းကို ယနေ့နံနက် (၉)နာရီမှ မွန်းလွဲပိုင်းအထိ အဆိုပါဈေးတွင် ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာလင်းပြည်သိမ်းနှင့် ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ RDT Test Kit ဖြင့် လာရောက်စစ်ဆေးသူ စုစုပေါင်း(၁၅၃)ဦးအား နှာခေါင်းတို့ပတ်နမူနာယူစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ရာ စစ်ဆေးသူအားလုံး ကိုဗစ်-၁၉ရောဂါပိုး Negative အဖြေထွက်ရှိပြီး  စစ်ဆေးပေးနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးပြည့်ဖြိုးမင်းနှင့် တာဝန်ရှိသူများက လာရောက်ကြည့်ရှုခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ရွှေသဇင်ဈေးအတွင်းရှိ ဈေးရောင်းချသူများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိကို ယနေ့နံနက်ပိုင်းမှ မွန်းလွဲပိုင်းအထိ စစ်ဆေးပေးခဲ့ပြီး ကျန်ရှိနေသေးသူများကို မွန်းလွဲပိုင်းမှ ညနေ(၄)နာရီအထိ မြို့နယ်ခုတင်(၅၀)ဆံ့ ပြည်သူ့ဆေးရုံတွင် ဆက်လက်စစ်ဆေးပေးမည် ဖြစ်ကြောင်းသိရသည်။

အောင်ကို(ပြန်/ဆက်)