Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ရခိုင်ပြည်နယ်၊ တောင်ပြိုလက်ဝဲမြို့၌ ကိုဗစ် − ၁၉ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ပြည်သူများသိရှိလိုက်နာရမည့် ညွှန်ကြားများအား အသိပေးနှိုးဆော်…
Sep 01,2021
ရခိုင်ပြည်နယ်၊ တောင်ပြိုလက်ဝဲမြို့၌ ကိုဗစ်− ၁၉ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေး အတွက် ပြည်သူများအနေဖြင့် လိုက်နာဆောင်ရွက်ရန်သြဂုတ်လ ၃၁ ရက် ယနေ့နေ့လယ် ၂ နာရီအချိန်ခန့်တွင် အမှတ် ၃ ရပ်ကွက်နှင့် အမှတ် ၄ ရပ်ကွက်များသို့ လှည့်လည်ကြေညာ ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ချင်းရွှေဟော်မြို့တွင် ဖောက်ခွဲရေး ပစ္စည်းများသယ်ဆောင်လာသည့် တရားခံ(၂)ဦး ဖမ်းဆီးရမိ
Sep 01,2021
ယမန်နေ့ ညနေ(၄)နာရီ အချိန်ခန့်တွင် ကွမ်းလုံမြို့နယ်ဘက်မှ ချင်းရွှေဟော်မြို့ဘက်သို့ မောင်းနှင်လာသည့် YGN 3M/−−− CROWN အမျိုးအစားအဖြူရောင်ယာဉ်နှင့် YGN 7Q/−−− CROWN အမျိုးအစား ခဲရောင်ယာဉ်တို့အား (ချင်းရွှေဟော်) အနောက်တောင်ဘက် (၁)မိုင်ခန့် အကွာ၊ ချင်းရွှေဟော်သံတံတားအနီး ကွမ်းလုံ-လောက်ကိုင်သွား ကားလမ်းပေါ်တွင် မသင်္ကာ ဖွယ်ရာ တွေ့ရှိရသဖြင့် စစ်ဆေးခဲ့ရာ ဦးလောက်ဖျင် (ဘ) ဦးလောက်ချို မောင်းနှင်လာသည့် ယာဉ်နောက်ဖုံးအတွင်း၌ Remote ဟု ယူဆရသော ၂.၅ လက်မ x ၅ လက်မ ခန့်ရှိ Receiver ဘူး (၂၀)ဘူး၊ ၂၀၀ ဂရမ်ခန့်ရှိ TNT ယမ်းတောင့် (၅၄)တောင့်၊ အစိမ်းရောင် ရှေ့ထွက်မိုင်း (၄)လုံး၊ Remote အဖြူ ရောင် ၁.၅ လက်မ x ၅.၅ လက်မ ခန့်ရှိ (၆)ခု၊ လျှပ်စစ်ဒီတို နေတာ (၃၀၀)ခု၊ New Leader တံဆိပ်ပါ 9V ဓာတ်ခဲ (၂)လုံး နှင့် iPhone 11 ဖုန်း (၁)လုံးတို့အား သိမ်းဆည်း ရရှိခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မြို့နယ်အတွင်း အလှူရှင်များ လှူဒါန်းသည့် အောက်ဆီဂျင်စက် ချောင်းဆုံ ဆေးရုံသို့ ရောက်ရှိ
Sep 01,2021
မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်ရှိ ဆေးရုံများနှင့် ပြည်သူများ အောက်ဆီဂျင် အလုံအလောက် ရရှိနိုင်ရေးအတွက် စေတနာရှင်၊ အလှူရှင် များမှ လှူဒါန်းငွေများဖြင့်ယနေ့ မွန်းလွဲ ၂ နာရီ က ချောင်းဆုံဆေးရုံသို့ ထိုင်းနိုင်ငံမှတဆင့် ဝယ်ယူထားသည့် အောက်ဆီဂျင်စက်ကို မုဒုံမောင်မောင် ကုမ္ပဏီမှ သယ်ယူပို့ဆောင်ရေးယာဉ်ဖြင့် အောက်ဆီဂျင်စက် ရောက်ရှိ ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သာစည်မြို့နယ်တွင် အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေပေးအပ်
Sep 01,2021
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေပေးအပ်ပွဲကို ယမန်နေ့ နံနက် ၁၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ပြုလုပ်ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ လုပ်ငန်းများတွင် အသုံးပြုရန် အထောက်အကူပြုပစ္စည်းများနှင့် အလှူငွေများလှူဒါန်း
Sep 01,2021
ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ် -၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန် ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများနှင့် အလှူငွေများလှူဒါန်းခြင်းကို တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမတွင် ယမန်နေ့ နံနက် ၁၀ နာရီ၌ ကိုဗစ် -၁၉ စည်းကမ်းချက်များနှင့်အညီ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှစိုး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်ညွန့်ဝင်းဆွေ၊ အစိုးရအဖွဲ့ဝင်ဝန်ကြီး များနှင့် အလှူရှင်များတက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
သာပေါင်းမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွား(၇၇၂)ဦးတို့အား တတိယသုံးလပတ် လူမှုရေး ပင်စင်ငွေများ ထောက်ပံ့ပေးအပ်
Aug 31,2021
သာပေါင်းမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက် သက်ကြီးအဘိုး(၃၀၈)ဦး၊ အဘွား(၄၆၄)ဦးတို့ကို ဧပြီလ၊ မေလ၊(ဇွန်လ)တတိယ သုံးလပတ်အတွက် လူမှုရေးပင်စင်(၃၀၀၀၀)ကျပ်တို့အား သက်ကြီးဘိုးဘွားများ ကိုယ်စား သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူး များထံသို့ ယမန်ရက်နေ့ နေ့လည် ၁၁ နာရီခွဲ အချိန်က ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကိုဗစ်အလွန်ခရီးသွားကဏ္ဍ မြှင့်တင်နိုင်ရေး ခရီးစဉ်ဒေသများအား ကရင်ပြည်နယ်ဝန်ကြီးချုပ် ကြည့်ရှုစစ်ဆေး
Aug 31,2021
ကရင်ပြည်နယ်အတွင်း ကိုဗစ်အလွန်ခရီးသွားကဏ္ဍမြှင့်တင်နိုင်ရေးအတွက် ခရီးစဉ်ဒေသများ ဖြစ်သည့် ကော့ဂွန်း ဂူနှင့် ရသေ့ပျံဂူတို့၏ မိုးတွင်းကာလ ပြုပြင်ထိန်းသိမ်းထားရှိမှု အခြေအနေများအား ယနေ့ နံနက်ပိုင်းက ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ရေးမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး (ဒုတိယအကြိမ်) ဒုတိယနေ့ထိ ပြည်သူ ၁၃၆၅ဦးအား ထိုးနှံပေးပြီးဖြစ်
Aug 31,2021
မွန်ပြည်နယ် ရေးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ကို ဩဂုတ် ၂၉ရက်နေ့ နံနက်ပိုင်းမှစတင်ကာ သတ်မှတ်စုရပ်နေရာများ၌ ဆရာတော်သံဃာတော်ကြီးများ၊ အသက်(၆၅)နှစ်နှင့်အထက်သက်ကြီးရွယ်အိုများ၊ နိုင်ငံ့ဝန်ထမ်းများ၊ ပုဂ္ဂလိကကျန်းမာရေး ဝန်ထမ်းများကို ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25744
Page
25745
Page
25746
Page
25747
Current page
25748
Page
25749
Page
25750
Page
25751
Page
25752
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department