ဇလွန် သြဂုတ် ၃၁
ဧရာဝတီတိုင်းဒေသကြီး ၊ ဟင်္သာတခရိုင် ၊ ဇလွန်မြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ အသက်(၈၅)နှစ်နှင့်အထက်ဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံံ့ပေးအပ်ပွဲကို ယနေ့ မွန်းလွဲ ၁ နာရီအချိန်ခန့်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
လူမှုရေးပင်စင်ထောက်ပံ့ပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းနှင့် တာဝန်ရှိသူများက ၂၀၂၀ - ၂၀၂၁ ခုဘဏ္ဍာရေးနှစ် တတိယသုံးလပတ်ဖြစ်သည့်(ဧပြီ ၊ မေ ၊ ဇွန်) လများအတွက် တစ်လလျှင်ငွေကျပ် (၁၀၀၀၀) နှုန်းဖြင့်သုံးလစာငွေ (၃၀၀၀၀)ကိုမြို့ပေါ် ၅ ရပ်ကွက်ရှိ ဘိုးဘွားပေါင်း(၁၇၇)ဦးအတွက် ငွေကျပ်(၅၃၁၀၀၀၀)၊ ကျေးရွာအုပ်စု (၆၆)အုပ်စုရှိ ဘိုးဘွားပေါင်း (၁၀၅၁)ဦးအတွက်ငွေကျပ် (၃၁၅၃၀၀၀၀)ကို ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများထံ အသီးသီးလွှဲပြောင်းပေးအပ်ခဲ့ကြောင်းသိရသည်။
ဝေယံ-ဇလွန်(ပြန်/ဆက်)