ကြို့ပင်ကောက် ဩဂုတ် ၃၁
ပဲခူးတိုင်ဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ ဝန်ကြီး များ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့်အတူ ဩဂုတ်လ ၃၁ ရက်နေ့ နံနက်ပိုင်းက သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့ ဘွက်ရိုးအုပ်စု ကျောင်းကုန်းကျေးရွာ အရှေ့ထိပ်တွင် ငွေကျပ်သိန်းပေါင်း ကိုးထောင်ကျော်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် မြို့ရေပေးဝေရေးလုပ်ငန်း ဆောင်ရွက်မည့်နေရာအား သွားရောက်ကြည့်ရှု့စစ်ဆေးခဲ့သည်။
ရှေးဦးစွား ကြို့ပင်ကောက်မြို့ တည်ဆောက်ရေး(၂)နားနေဆောင်တွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌနှင့် မြို့နယ်အဆင့်တာဝန်ရှိသူများအား တွေ့ဆုံပြီး ရေရရှိရေးလုပ်ငန်း အကောင်အ ထည်ဖော် ဆောင်ရွက်မှုအစီအစဉ် တင်ပြချက်များ အပေါ် ဖြည့်စွက်ဆောင်ရွက်ရမည့်လုပ်ငန်း စဉ်များကိုမှာကြားပြီး ရေပေးဝေရေးအတွက် ရေဂါလံပေါင်း (၃၉၀၀၀၀၀)ကျော်ဝင်ဆံ့ မည့် ရေလှောင်ကန်များဖြစ်သော အနည်ထိုင်ကန်၊ ရေကြည်စုကန်နှင့် ရေစက်ရုံတည်ဆောက်မည့် နေရာတို့အား ကြည့်ရှု့စစ်ဆေး ရာ မြို့မိမြို့ဖများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံပြီး ဒေသခံများ၏လို အပ်ချက်များကို ဖြည့်ဆည်းပေးသွားမည်ဖြစ်ကြောင်း လာမည်နွေရာသီရေရှားပါးချိန်တွင် ရေရရှိရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
မြို့ရေရရှိရေးလုပ်ငန်းသည် မြို့အရှေ့ဘက်ခြမ်းအတွက် ကျောင်းကုန်းကျေးရွာအရှေ့ထိပ် မြို့ရေပေးရေးစက်ရုံမှ တင်ပို့သည့် ရေအား မြို့နယ်ခန်းမဝန်းအတွင်း ရေပေးရေးစက်ရုံအထိ သွယ်ယူပြီး မြို့အရှေ့ဘက်ခြမ်းရပ်ကွက်များသို့ ဖြန့်ဝေပေးသွားမည်ဖြစ် ပြီး မြို့အနောက် ဘက်ခြမ်းအတွက် ဘုကြီးကျေးရွာ အဝီစိတွင်းရေစက်ရုံမှ ရေအား မြို့နယ်လွတ်လပ်ရေး ပန်းခြံရေစင်နှင့် နွားပွဲဈေးဟောင်းရေစင်တို့မှတဆင့် ပြန်လည်ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဇေယျာထွန်း