ပလောက် ဩဂုတ် ၃၁
တနင်္သာရီတိုင်းဒေသကြီး ၊ မြိတ်ခရိုင်၊ ပလောက်မြို့ ၊ ဘုရင့်တောင်ကျေးရွာရှိကရင်တိုင်းရင်းသားလူမျိုးများ အား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ RDT Test Kit ဖြင့် အခမဲ့ စစ်ဆေးပေးခြင်း ကိုယနေ့နံနက် (၈)နာရီခွဲ အချိန်ခန့်က ဆင်ထိုးကြီးကျေးရွာအုပ်စု၊ ဘုရင့်တောင်ကျေးရွာ၊ ခရစ်ယာန် ဘုရားကျောင်းဓမ္မာရုံ၌ ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားရေးရာဝန်ကြီး၊ ဦးစောမာတင် လူသာ၏ လမ်းညွှန်ချက်အရ ထားဝယ်မြို့ အခြေစိုက် ကုသိုလ်ဖြစ် ဆေးခန်းနှင့် လူမှုကူညီရေးအသင်းမှ ဦးသန့်ဇင်ထူး ဦးဆောင်သော အဖွဲ့နှင့် ကျန်းမာရေးဝန်ထမ်းများက ပူးပေါင်းပါဝင်၍ ကိုဗစ်-၁၉ ရော ဂါပိုး ရှိ/မရှိ RDT Test Kit ဖြင့် နှာခေါင်းတို့ပတ် နမူနာယူစစ်ဆေးခြင်းများ လာရောက် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ စစ်ဆေးရာတွင် စစ်ဆေးသည့် လူနာပေါင်း(၄၅)ဦးအနက် အတည်ပြုလူနာ(၁၃)ဦးတွေ့ရှိကြောင်းနှင့် အတည်ပြု လူနာများကို ပလောက်မြို့ဟိတကာရီလူမှုကူညီရေးအသင်းမှ ဘုရင့် တောင်ကျေးရွာရှိအသင်းထောက် ဆရာနေအိမ်သို့ကူညီပို့ ဆောင်ပေးပြီး သီးသန့်ထား၍ ကုသပေးလျက်ရှိကြောင်းနှင့် ၎င်းမိသားစုဝင်များကို မိမိတို့နေအိမ်တွင် Lock down ချထား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နှင်းမြူလွင် (ပလောက်ပြန်/ဆက်)