တုံတာမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(Sinopharm) ဒုတိယအကြိမ်ထိုးနှံ

 

 တုံတာ             ဩဂုတ်       ၃၁

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ တုံတာမြို့တွင် အသက်(၆၅)နှစ်အထက်ဘိုးဘွားများနှင့် ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Sinopharm) ကို တုံတာမြို့ ပြည်သူ့ဆေးရုံတွင် ယနေ့ နံနက်၉နာရီ အချိန်က ဒုတိယအကြိမ်ဆက်လက် ထိုးနှံပေးလျက်ရှိသည်။

 

ထိုသို့ကိုဗစ်-၁၉ကာကွယ်ဆေးထိုးနှံရာတွင် မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများနှင့်နယ်မြေမီးသတ်စခန်းမှ တာဝန်ရှိသူများက ဇူလိုင်လ ၃၁ ရက်နေ့တွင် ပထမ အကြိမ်ထိုးနှံပြီးသော အသက်(၆၅)နှစ်အထက် ဘိုးဘွားများနှင့်ပြည်သူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများအား ကာကွယ်ဆေးထိုးနှံခြင်းမပြုမီ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာ ပေးခြင်းတို့ ဆောင်ရွက်ပေးပြီး ပုံမှန်အနေထားရှိမှသာ ကာကွယ်ဆေးကိုကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ကာကွယ်ရေး ညွှန်ကြားချက်များ နှင့်အညီ စနစ်တကျ ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

 

တုံတာမြို့ပေါ်ရပ်ကွက်(၄)ရပ်ကွက်မှ အသက်(၆၅)နှစ်အထက် ဘိုးဘွားများနှင့် အသက်(၁၈)နှစ်ပြည့် ပြီးသူ ပြည်သူစုစုပေါင်း (၁၂၁)ဦးကို ထိုးနှံပေးပြီး တုံတာမြို့တွင် ယခုအချိန်အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ မရှိသေးကြောင်း မြို့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

           

လှိုင်လှိုင်ငြိမ်း