ပွင့်ဖြူမြို့နယ်၌ ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် မြစ်ကမ်းဘေးအနီးကျေးရွာများတွင် ရေဝင်ရောက်လျက်ရှိ

 

ပွင့်ဖြူ    ဩဂုတ်   ၃၁

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်တွင် ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့်မြစ်ကမ်း ဘေးအနီး ကျေးရွာများဖြစ်သည့် နန်းတော်ကျွန်းကျေးရွာ ၊ ထူးကျေးရွာ ၊ ငါးခြောက်ကျွန်းကျေး ရွာနှင့် မြင်းခြံစုကျေးရွာတို့တွင် ယနေ့ နံနက်ပိုင်း မြစ်ရေဝင် ရောက်မှုများ ရှိနေကြောင်းပွင့်ဖြူ မြို့နယ်နန်းတော်ကျွန်းကျေးရွာမှ ဒေသခံပြည်သူများထံက သိရသည်။

 

“ကျွန်တော်တို့ နန်းတော်ကျွန်းကျေးရွာမှာ ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် ကျေးရွာတွင်း လမ်းတွေနဲ့ လူနေအိမ်ဝိုင်းတွေမှာ မြစ်ရေဝင်ရောက်မှုတွေ ရှိနေပါတယ်။ ယခုလို မြစ်ရေတိုးတဲ့ အချိန်တွေမှာ ရေဝင်ရောက်မှုတွေ နှစ်စဉ်ကြုံတွေ့နေရ တာဖြစ်ပါတယ်။ ယခု မြစ်ရေမြင့်တက်မှု ကြောင့် မြစ်ကမ်းဘေးတစ်လျှောက်မှာတည်ရှိတဲ့ ကျွန်တော်တို့ နန်းတော်ကျွန်းကျေးရွာ အပါအဝင် ထူးကျေးရွာ ၊ ငါးခြောက်ကျွန်းကျေးရွာနှင့် မြင်းခြံစုကျေးရွာတွေမှာ မြစ်ရေဝင်ရောက် မှုတွေရှိနေတာဖြစ်ပါတယ်။ စိုးရိမ်ရတဲ့အခြေအနေ မရှိတဲ့အတွက် လူနေအိမ်တွေ ပြောင်းရွှေ့ ရတာ မျိုးတော့ မရှိသေးပါဘူး ။ ဒါပေမယ့် ကျွဲ ၊ နွား တိရစ္ဆာန်တွေကိုတော့ ရေလွတ်ရာ ကုန်းမြင့်တွေရှိတဲ့နေရာတွေမှာ သွားရောက်ရွှေ့ပြောင်းထားရပါတယ်” ဟု ပွင့်ဖြူမြို့နယ်နန်း တော်ကျွန်းကျေးရွာမှ ဒေသခံပြည်သူတစ်ဦးက ပြောသည်။

 

ရဲဝင်းနိုင်