ဒေါပုံ သြဂုတ် ၃၁
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်တွင် အသက် (၆၅)နှစ်နှင့် အထက် ဘိုးဘွားများ၊ ဝန်ထမ်းများ နှင့် volunteer များအားကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခြင်းလုပ်ငန်းကို ယမန်နေ့ နံနက်(၁၀)နာရီမှစ၍ ဒေါပုံမြို့နယ်၊ အ.ထ.က(၁)ကျောင်းနှင့် အ.လ.က(၄) ကျောင်းတို့တွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဆက်လက်ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးရာတွင် ဒေါပုံမြို့နယ်ကျန်းမာရေးဦးစီး ဌာန မှ ဝန်ထမ်းများက ထိုးနှံပေးခြင်းဖြစ်ပြီး ဩဂုတ်လ ၁၊၂၊၃၊၄၊၆ ရက်နေ့များတွင် ပထမအကြိမ်ကာကွယ်ဆေးထိုးနှံပေးခဲ့သည့် နိုင်ငံ့ဝန်ထမ်းများ၊ အသက်(၆၅)နှစ်နှင့် အထက်ဘိုးဘွားများ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်း (Volunteer)များကို ဒုတိယအကြိမ်ကာ ကွယ်ဆေးထိုးနှံပေးခြင်းဖြစ်ပြီး ကာကွယ်ဆေးထိုးနှံခြင်းမပြုမီ လက်သန့်ဆေးရည်ဖြင့် လက်ဆေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ ကာကွယ်ဆေးထိုးပြီးပါက မိနစ်(၃၀)ကြာ စောင့်ကြပ် ကြည့်ရှုခြင်းများ ဆောင်ရွက်ပြီး ကာကွယ်ဆေးထိုးနှံပြီးသူများအား ကာကွယ်ဆေးထိုးနှံခြင်းမှတ်တမ်း ကတ်ပြားနှင့် ဆေးဝါးများပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)