အမ်းမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်မြောက်လာရောက်ထိုးနှံကြသည့် အဘိုးအဘွားများနှင့် ပြည်သူများအား နှာခေါင်းစည်း Mask  များအခမဲ့ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်

အမ်း သြဂုတ် ၃၁

ရခိုင်ပြည်နယ်၊ အမ်းမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်မြောက် လာ ရောက်ထိုးနှံကြသည့် အသက် ၆၅ နှစ်နှင့်အထက်အဘိုးအဘွားများနှင့် ပြည်သူများကို ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများမဖြစ်ပေါ်စေရန်အတွက် ယနေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာ နမှ ဝန်ထမ်းများက နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေပေးခြင်း၊ အပူချိန်တိုင်းတာခြင်း၊ လက်သန့်ဆေးရည်များဖြင့် လက်ကိုဆေးကြောခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ဒုတိယအကြိမ်လာရောက်ဆေးထိုးနှံကြသည်ပြည်သူများအတွက်ဆောင်ရွက်ပေးရာတွင် အမ်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဝင်းအိမွန်နှင့် ဝန်ထမ်းများက ကာကွယ်ဆေးလာရောက်ထိုးနှံကြသည့် အဘိုးအဘွားများ၊ ဦးစားပေးအုပ်စု ပါဝင်သည်ပြည်သူများက ကျန်းမာရေးဌာနမှ ညွှန်ကြားထားသည့် ကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်များ အားလိုက်နာကြရန်၊ အတတ်နိုင်ဆုံးမိမိအိမ်တွင်သာနေထိုင်ကြရန်နှင့် နေအိမ်အပြင်သို့သွားတိုင်း နှာခေါင်းစည်းတပ်ဆင်သွားလာကြရန် အစရှိသော အသိပညာပေး များအား ပြောကြားပြီး နှာခေါင်းစည်း Mask များ အခမဲ့ဝေပေးခြင်းအပြင်၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊လက်သန့်ဆေးရည်များဖြင့်လက်ကိုဆေးကြောစေခြင်းများပြုလုပ်၍ဆောင်ရွက်ပေးခဲ့သည်။

အမ်းမြို့နယ်တွင် ကိုဗစ်၁၉ ရောဂါကာကွယ်ဆေးများကို သြဂုတ်လ(၂)ရက်နေ့မှ (၁၃)ရက်အထိ ပထမအကြိမ်ထိုးနှံပေးထားပြီးဖြစ်ကာ ယနေ့တွင် ဒုတိယအကြိမ်မြောက် ပထမနေ့ရက်အဖြစ် ပြည်သူများအားစတင် ထိုးနံ ပေးလျက်ရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။

ဝင်းအိမွန်(ပြန်/ဆက်)