ကျောက်တော် ဩဂုတ် ၃၁
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့၌ အသက်(၆၅)နှစ်ထက်သက်ကြီးရွယ်အိုများ၊ ပုဂ္ဂလိကဘဏ်များမှ ဝန်ထမ်းများနှင့်လူမှုရေးအသင်းအဖွဲ့များမှ Volunteers များကို လတ်တ လောအသက်ရှုလမ်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးဒုတိယအကြိမ် ဆက်လက် ထိုးနှံ ခြင်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်က မြို့နယ်ပြည်သူ့ဆေးရုံရှိ အစည်းအဝေးခန်းမနှင့် ပြင်ပလူနာနားနေဆောင်တို့တွင် သတ်မှတ်စုရပ်နေရာများထားရှိပြီး ကိုဗစ်-၁၉ ကာကွယ်ဆေး များဆက်လက်ထိုးနှံပေးလျှက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်စွာညွှန့်နှင့်အဖွဲ့ ဝင်များမှ သွားရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
ထိုသို့ (Sinopharm) ကိုဗစ်-၁၉ကာကွယ်ဆေးများအား ဆက်လက်ထိုးနှံပေးရာတွင် မြို့နယ် အတွင်းရှိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများမှ အသက်(၆၅)နှစ် အထက်သက်ကြီး ရွယ်အိုများ၊ ပုဂ္ဂလိကဘဏ်များမှ ဝန်ထမ်းများနှင့်လူမှုရေးအသင်းအဖွဲ့များမှ Volunteers များကို တရုတ်ပြည်သူ့သမ္မတနိုင်ငံထုတ် (Sinopharm) ကိုဗစ်-၁၉ ကာကွယ်ဆေးများအား ဒုတိယ အကြိမ်အဖြစ် ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
ဆက်လက်၍ မြို့နယ်ပြည်သူ့ ကျန်းမာရေးဝန် ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များက (Sinopharm) ကိုဗစ်-၁၉ ကာကွယ်လာရောက် ဆေးထိုးနှံကြသူများအား ကာကွယ်ဆေးမထိုးနှံမီ လိုအပ်သော ကျန်းမာရေး စောင့်ရှောက် မှုများ ဖြစ်သော ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်း တာပေးခြင်းများ ဆောင်ရွက်ပေးခြင်းနှင့် ပုံမှန်အနေ အထားရောက်ရှိမှသာ ကာကွယ်ဆေးထိုးနှံ ပေးပြီးနောက် (Sinopharm) ကိုဗစ် -၁၉ ကာကွယ် ဆေးထိုးနှံပေးလျက်ရှိပြီး ကာကွယ်ဆေး ထိုးနှံပြီးသူများကို မိနစ် ၃၀ ခန့်အနား ယူစေခြင်းများအား စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
ခင်မောင်ထွန်း(ပြန်/ဆက်)