ကြံခင်းမြို့၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ကြံခင်း ဩဂုတ် ၃၁

ဧရာဝတီတိုင်းဒေသကြီး  ဟင်္သာတခရိုင်  ကြံခင်းမြို့တွင် ယနေ့နံနက်(၉)နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှုးများ၊ စာရေးများနှင့်တွေ့ဆုံပြီး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကြံခင်းမြို့ဧရာဦးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပထမဦးစွာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်မှ အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ရဲမှူး ယာယီရဲမှူးကျော်ကိုကိုမှ ဒေသတွင်းလုံခြုံရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ပတ်သက်သည်များ၊ တရားဥပဒေစိုးမိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် မိမိတို့နှင့်အတူ ရပ်ရွာအတွင်း လုံခြုံရေးဆောင်ရွက်ရမည့်အချက်ကို ပူးပေါင်းပါဝင်ဆောင်ရွက်ရမည်များအား ညှိနှိုင်းဆွေးနွေးကြသည်။

ဆက်လက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဗိုလ်မှူးသန်းထွဋ်မှ နယ်မြေလုံခြုံရေး၊ ရပ်ရွာအေးချမ်းသာယာရေးအတွက် မိမိတို့အနေဖြင့် ကာကွယ်ပူးပေါင်းဆောင်ရွက်ပေးမှာ ဖြစ်ကြောင်းပြောကြားပြီး မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများမှဌာနလုပ်ငန်းများကို အသီးသီးဆွေနွေးကြသည်။

ထို့နောက်တတ်ရောက်လာကြသော ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှုးများ၊ စာရေးများမှလုပ်ငန်းနှင့် ပတ်သက်သည်များအား မေးမြန်းခြင်း သက်ဆိုင်ရာဌာနဆိုင်ရာ များမှပြန်လည် ရှင်းလင်းဆွေးနွေးညှိနှိုင်းကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မှနိဂုံးချုပ်ပြောကြားသည်။

ယင်းနောက် ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးအဖွဲ့များမှ ကြံခင်းမြို့နယ်တွင် အောက်ဆီဂျင် စက်ရုံတည်ဆောက်ထုတ်လုပ်ဖြန့်ဝေရာတွင် အသုံးပြုရန်အလှုငွေ(၁၀)သိန်းနှင့် ကြံခင်းမြို့ ပြည်သူ့ဆေးရုံ တွင်ဆေးနှင့်ဆေးပစ္စည်းပဒေသာပင် အတွက်အလှုငွေ(၅)သိန်းတို့အား မြို့နယ် အောက်ဆီဂျင်စက်ရုံတည်ဆောက်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးမြင့်နှင့်မြို့နယ်ပြည်သူ့ဆေးရုံမှ ဒေါက်တာစောထူးသာတို့ထံ ပေးအပ်လှုဒါန်းခဲ့ကြကြောင်းနှင့် မြို့နယ်ရဲမှူးယာယီရဲမှူး ကျော်ကိုကိုမှ ကြံခင်းမြို့နယ်ပြည်သူ့ဆေးရုံတွင် ဆေးနှင့်ဆေးပစ္စည်း ပဒေသာပင်အတွက် အလှုငွေ(၃)သိန်းကျပ်ကို ပေးအပ်လှုဒါန်းရာ ဒေါက်တာစောထူးသာမှ ပေးအပ်လှုဒါန်းမှုအား လက်ခံခဲ့ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)