ရိခေါ်ဒါရ် စက်တင်ဘာ ၅
ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့၌ ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းကို စက်တင်ဘာ ၆ ရက်နေ့မှ ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ကျန်းမာရေးဌာနမှ သိရသည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံခြင်းကို ရိခေါ်ဒါရ်မြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် စက်တင်ဘာ ၆ ရက်နေ့ နံနက် ၉ နာရီမှ စ၍ စက်တင်ဘာ ၈ ရက်နေ့အထိ (၃)ရက်ကြာ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း၊ အဆိုပါ (၃)ရက်အတွင်း ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံထားသူ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ကာကွယ်ဆေးထိုးနှံခွင့်ရှိသူ (၂၀၀)ဦးတို့အား ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သောမတ်