ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(Sinopharm) ဒုတိယအကြိမ် လူဦးရေ(၁၇၇၂)ဦးထိုးနှံပြီး

ကျောက်ဆည်  စက်တင်ဘာ  ၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ရပ်ကွက်/ကျေးရွာများအတွင်းရှိ ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm) ထိုးနှံထားသော အသက်(၆၅)နှစ်အထက်သက်ကြီး အဘိုးအဘွားများနှင့် ပြည်သူများအား ယနေ့နံနက်ပိုင်းကစုကြီးရပ်ကွက်မြို့တော်ခန်းမ၌ဒုတိယအကြိမ်ဆက်လက်ထိုးနှံပေးလျက် ရှိကြောင်းသိရှိရသည်။

ကျောက်ဆည်မြို့နယ်အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ် အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ အသက်(၆၅)နှစ်အထက်သက်ကြီး အဘိုးအဘွားများနှင့် ဦးစားပေး အဆင့်အလိုက် ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ရာ လူဦးရေ(၁၁၁၆၄၇)ဦးအား ထိုးနှံပေးခဲ့ပြီး ဒုတိယအကြိမ်အဖြစ် လူဦးရေ(၁၇၇၂)ဦးအား ထိုးနှံပေးပြီးဖြစ်ကြောင်းနှင့် ကျန်ရှိနေသူများအား စုကြီးရပ်ကွက် မြို့တော်ခန်းမ၌ ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရှိသည်

ကျောက်ဆည်မြို့နယ်အတွင်း ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု မဖြစ်ပွားစေရေး၊ ကြိုတင် ကာကွယ်နိုင်ရေး၊ ရောဂါကူးစက်မှုလျောနည်းစေရေးအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံ ခြင်း လုပ်ငန်းများကို ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ ပူပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီမှသိရှိရသည်။

တင်တင်ထွေး