Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ရှားတောမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ကျန်ရှိသော ပြည်သူများ အား ဆက်လက်ထိုးနှံပေး
Sep 05,2021
ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ရှားတောမြို့နယ်တွင် ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံရန်ကျန်ရှိသော ပြည်သူများအား ဆက်လက်ထိုးနှံ ပေးခြင်းကို ယနေ့နံနက်တွင် ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပုလဲမြို့နယ်တွင် ပထမအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(Sinopharm)ထိုးနှံပြီးသူများအား ဒုတိယအကြိမ် ထိုးနှံပေးလျက်ရှိ
Sep 05,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပုလဲရတနာခန်းမ၌ စက်တင်ဘာ ၄ရက်၊နံနက်၉နာရီက ပထမအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ( Sinopharm ) ထိုးနှံခဲ့သော အသက်(၆၅)နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများ အပါအဝင် ဦးတည်အုပ်စုများအလိုက် သတ်မှတ် ထားရှိသူများအား မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ဒုတိယအကြိမ် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မော်လိုက်-တွန်းပင်ကျေးရွာသွားလမ်းအား ကွန်ကရစ်လမ်းအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်နေမှု တို့ကို ကြည့်ရှုစစ်ဆေး
Sep 05,2021
စစ်ကိုင်းတိုင်းဒေသကြီး၊မော်လိုက်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်တူ ယမန်နေ့ နံနက် ပိုင်းက တိုင်းဒေသကြီး ငွေလုံငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် မော်လိုက်-တွန်းပင် ကျေးရွာသွားလမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်နေမှုတို့အား ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ချောင်းခြားစု(တောင်) ကျေးရွာပြည်သူများ သွားလာမှုနှင့် ကုန်ထုတ်လုပ်ငန်း အဆင်ပြေစေရန် (VDP)ဖြင့် ဆောင်ရွက်ပေးခဲ့သည့် ကွန်ကရစ်ရေကျော် တည်ဆောက်မှုလုပ်ငန်…
Sep 05,2021
ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုး ရေးစီးမံကိန်း (Village Development Plan)အစီအစဉ်အရ၊ ဟင်းခွက်အိုင်ကျေးရွာအုပ်စု၊ ချောင်းခြားစု(တောင်)ကျေးရွာနေ ပြည်သူများ သွားလာမှု လွယ်ကူစေရန်နှင့် ကုန်ထုတ်လုပ်မှု လျှင်မြန်လွယ်ကူစေရန်အတွက်၊ ကျေးရွာလူထု ပူးပေါင်းပါဝင်မှု ဖြင့် ဆောင်ရွက်ခဲ့သည့် ကွန်ကရစ်ရေကျော် တည်ဆောက်မှုလုပ်ငန်းပြီးစီးမှုအခြေအနေအား၊ ယမန်နေ့ မွန်းတည့် (၁၂)နာရီက မြို့နယ် ဦးစီးမှူး ဦးဇော်မင်းထွန်းနှင့် အင်ဂျင်နီယာအဖွဲ့များ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ပုံပါကျင်မြို့ရှိ ဘုန်းတော်ကြီးကျောင်းများအတွက် ဆွမ်းဆန်များ လှူဒါန်း
Sep 05,2021
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ပုံပါကျင်မြို့ရှိ ဘုန်းတော်ကြီး ကျောင်းများအတွက် ပေးပို့လှူဒါန်းသော ဆွမ်းဆန်များကို ဌာနဆိုင်ရာတာဝန်ရှိသူများက မြို့ပေါ်ရပ်ကွက် အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ယနေ့နံနက်ပိုင်းက သွားရောက်၍ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဗန်းမော်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(Sinopharm) အမျိုးအစားကို ဒုတိယအကြိမ်အဖြစ် ဆက်လက်ထိုးနှံပေး
Sep 05,2021
ကချင်ပြည်နယ် ဗန်းမော်ခရိုင် ဗန်းမော်မြို့နယ်တွင် အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများနှင့် ဦးစားပေးအုပ်စုအလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး( Sinopharm )ကို ဒုတိယအကြိမ်အဖြစ် ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရသေ့တောင်မြို့နယ်၌ ဦးစားပေးအုပ်စုတွင်ပါဝင်သည့် ပြည်သူများအား ဒုတိယအကြိမ်ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ
Sep 05,2021
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်၌ ပထမအကြိမ်ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခဲ့သည့် အသက်(၆၅)နှစ် နှင့်အထက်သက်ကြီးရွယ်အိုများနှင့် ဦးစားပေးအုပ်စုတွင်ပါဝင်သည့် ပြည်သူများအား ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံပေးခြင်းကို သတ်မှတ်စုရပ်အသီးသီးတွင် နံနက် ၉နာရီမှ ညနေ ၄ နာရီထိ ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဆိပ်ဖြူမြို့နယ်တွင် ဆိပ်ဖြူ-ဆော ကားလမ်းမပေါ်ရှိ တံတားတစ်စင်း မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် ကမ်းကပ်ခုံရေတိုက်စားမှုအား အမြန်ပြန်လည် ပြုဆောင်ရွက…
Sep 05,2021
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်၊ သပြေကျေးရွာအနီး ဆိပ်ဖြူ-ဆော ကားလမ်းမပေါ်ရှိ တံတားတစ်စင်းသည် စက်တင်ဘာလ ၂ ရက်နေ့က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကမ်းကပ်ခုံနှင့် ဘဲတောင်ပံ ရေတိုက်စားမှု ဖြစ်ပွားခဲ့သည်။ အဆိုပါရေတိုက်စားခံခဲ့ရသည့် ဆိပ်ဖြူ-ဆောသွားလမ်းပေါ်ရှိ မိုင်တိုင်အမှတ် (၁၉/၀-၁)ကြားရှိ တံတားအမှတ် (၁/၂၀) (၁၅)ပေအရှည် ကျောက်စီကမ်းကပ်ခုံ (၁၇)ပေနှင့် ဘဲတောင် (၁၅)ပေ ရေတိုက်စားခဲ့သဖြင့် မြို့နယ်လမ်းဦးစီးဌာနမှ တာဝန်ယူပြီး အများပြည်သူများအသွားအလာခက်ခဲမှုမရှိစေရေးအတွက် အမြန်ပြန်လည် ပြုပြင်ထိန်းသိမ်း တည်ဆောက်လျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25707
Page
25708
Page
25709
Page
25710
Current page
25711
Page
25712
Page
25713
Page
25714
Page
25715
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department