ပွင့်ဖြူမြို့နယ်၌ ဒုတိယအကြိမ် ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိပြီး ယနေ့အထိ ကာကွယ်ဆေး လာရောက်ထိုးနှံသူဦးရေ (၂၉၆၉) ဦး ရှိပြီဖြစ်

ပွင့်ဖြူ  စက်တင်ဘာ ၅

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်တွင် အသက်(၆၅)နှစ်နှင့် အထက် အသက်အရွယ်ကြီးရင့်သူများ အပါအဝင် အသက်(၁၈)နှစ်အထက် ပြည်သူများကို ဦးစားပေးအုပ်စုအလိုက် ဩဂုတ်(၂၉)ရက်နေ့မှ စတင်၍ ဒုတိယအကြိမ် ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ ယနေ့အထိ စုစုပေါင်း ကာကွယ်ဆေး လာရောက် ထိုးနှံသူဦးရေ (၂၉၆၉) ဦး ရှိပြီ ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးမှ သိရသည်။ 

ထိုသို့ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံဆောင်ရွက်ပေးရာတွင် အသက်အရွယ်ကြီးရင့်သူများနှင့် အကြောင်းအမျိုးမျိုးကြောင့် သွားလာရေး အခက်အခဲရှိသော ပြည်သူများ အဆင်ပြေစွာ ကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် ဆေးထိုးစုရပ်(၄)နေရာခွဲ၍ ထိုးနှံပေးလျက်ရှိပြီး အဆိုပါဆေးထိုးစုရပ်(၄)နေရာတွင် ယနေ့ ကာကွယ်ဆေး လာရောက်ထိုးနှံသူဦးရေ ၆၀၈ ဦး ရှိကြောင်း သိရသည်။ အဆိုပါ ကာကွယ်ဆေးလာရောက် ထိုးနှံကြသူများ စိတ်အေးချမ်းသာစွာ ထိုးနှံနိုင်ရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင် များနှင့် မြို့နယ် Volunteer အဖွဲ့ဝင်များက လိုအပ်သည်များကို နေ့စဉ် ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိပြီး ယခုဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံပေးခြင်းကို စက်တင်ဘာ(၉) ရက်နေ့အထိ ထိုးနှံပေးသွားမည်ဖြစ်ကြောင်းနှင့် ယနေ့အထိ ကာကွယ်ဆေး လာရောက်ထိုးနှံသူဦးရေ စုစုပေါင်း (၂၉၆၉) ဦး ရှိပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင် ထံမှ သိရသည်။   

ရဲဝင်းနိုင် (ညောင်ဦး)