ရှမ်းပြည်နယ်လူမှုဝန်ထမ်းရုံးမှ ဟိုပုံးဆေးရုံအတွက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးသုံး ပစ္စည်းများ ထောက်ပံ့ပေးအပ်

တောင်ကြီး  စက်တင်ဘာ ၆

ရှမ်းပြည်နယ် လူမှုဝန်ထမ်းဝန်ထမ်း ဦးစီးဌာနမှ ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုများသော နေရာဒေသများသို့ ကျန်းမာရေး ကာကွယ်ရေးသုံး ပစ္စည်းများ စဉ်ဆက်မပြတ် ထောက်ပံ့ပေး လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ဟိုပုံးမြို့နယ် ပြည်သူ့ဆေးရုံအတွက် ကျန်းမာရေးသုံး ပစ္စည်း(၉)မျိုး ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ရှမ်းပြည်နယ်လူမှု ဝန်ထမ်းရုံးမှ ညွှန်ကြားရေးမှူး ဦးထွန်းဦးက ကျန်းမာရေးသုံး ပစ္စည်းများ ထောက်ပံ့ပေးအပ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး Surgicsal Mask (၁၀၀၀)ခု၊ N-95 (၆၀)ခု၊Han Sanitizer(500ml)(၂၄)ခု၊ PPE Level-2 (၁၀၀)ခု၊PPE Level-3   (၁၀၀)ခု၊ ခေါင်းစွပ်(၅၀၀)ခု၊ ဖိနပ်(၁၀)ခု၊ မျက်မှန်(၁၀၀)ခု၊ လက်အိတ်(၅၀၀)ခုတို့ကို ထောက်ပံ့ ပေးအပ်ရာ ဟိုပုံးမြို့နယ်ပြည်သူ့ဆေးရုံမှ တာဝန်ရှိသူတစ်ဦးက လက်ခံရယူခဲ့ကြောင်းနှင့် လိုအပ်သော နေရာများသို့လည်း ဆက်လက်ထောက်ပံ့ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)