ဝိုင်းမော် စက်တင်ဘာ ၆
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ် ၊မိုင်းနားကျေးရွာရှိ ဈေးသည်များနှင့် အေဂျီ(Camp)ရှိ စစ်ရှောင်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ ကွင်းဆင်း ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် ၇ နာရီက ဒေါက်တာသိန်းမြို့ ကြီးကြပ်မူဖြင့် ဆောင်ရွက်ခဲ့သည်။
ကွင်းဆင်းဆောင်ရွက်ရာ၌ မိုင်းနားကျေးရွာအတွင်းရှိ ဈေးသည်(၁၆၅)ဦးကို မိုင်းနားဈေးတွင် စစ်ဆေးမှုပြုလုပ်ရာ၌ ပိုးတွေ့ရှိသူ(၆)ဦး၊ အေဂျီ (Camp)ရှိ ပြည်သူ(၂၅၀)ဦးကို စစ်ဆေးမူပြုလုပ်ရာ ပိုးတွေ့ရှိသူ(၅၃)ဦးရှိကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ပိုးတွေ့ရှိသူ အတည်ပြုလူနာများကို ဝိုင်းမော်မြို့ပေါ်ရှိ ကိုဗစ်-၁၉ ကုသရေးစင်တာသို့ ဆေးကုသခံယူစေပြီး ကွင်းဆင်းစစ်ဆေးမှုဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် မြို့နယ်ကိုဗစ်-၁၉ ကော်မတီဥက္ကဋ္ဌ ဦးဇော်မင်းဦးနှင့်အဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမူရေးအသင်းအဖွဲ့တို့ ပူးပေါင်း၍ စက်တင်ဘာလ၂ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့ကြသည်။
ဝိုင်းမော်မြို့နယ်အတွင်း ကိုဗစ် -၁၉ ရောဂါ ကွင်းဆင်းစစ်ဆေးရာတွင် စက်တင်ဘာ (၂)ရက်နေ့မှ (၅)ရက်နေ့ထိ စုစုပေါင်း (၂၄၉၂) ဦး စစ်ဆေးခဲ့ရာ ပိုးတွေ့ အတည်ပြုလူနာပေါင်း (၂၁၉)ဦးထိ ပိုးတွေ့ရှိခဲ့ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ဝိုင်းမော် (ပြန်/ဆက်)