ကျိန္တလီ စက်တင်ဘာ ၆
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့တွင် အသက်(၆၅)နှစ်နှင့်အထက် ပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်မှ စတင်ကာ မြို့အထွေအထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမစုရပ်၌ ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
ထိုသို့ထိုးနှံရာတွင် ဒုတိယအကြိမ် ကာကွယ်ဆေးမထိုးရသေးသော သံဃာတော်(၁)ပါး၊ ကျန်းမာရေး ဝန်ထမ်း(၁)ဦး၊ နိုင်ငံဝန်ထမ်း(၇၅)ဦး၊ Volunteer(၁၈)ဦး စုစုပေါင်း(၉၅)ဦးကို ထိုးနှံပေး နိုင်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ကျိန္တလီနယ်မြေရဲစခန်းမှ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေး အသင်းအဖွဲ့များက ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံရန် ရောက်ရှိလာသော ပြည်သူများအား ကူညီဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။