အမြို့မြို့အနယ်နယ်သတင်းများ

Sep 13,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြိုတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးများထိုးနှံပေးခြင်းကို ထေကြီးဝါကြီး ဆရာတော်သံဃာတော်များ၊ သီလရှင်များ၊ ခရစ္စယာန်အသင်းတော်များမှ သင်းအုပ်ဆရာ၊ ဆရာမများနှင့် အခြားသော ဘာသာရေးခေါင်းဆောင်များ၊ အသက်(၆၅)နှစ်နှင့် အထက်သက်ကြီး ဘိုးဘွားများ၊ ဝန်ထမ်းမိသားစုများ၊ ဘဏ်ဝန်ထမ်းများ၊ ဈေးသူဈေးသားများ၊ လူမှုကူညီရေးအသင်းများ (Volunteer)နှင့် ပုဂ္ဂလိက စက်ရုံအလုပ်ရုံများမှ ဝန်ထမ်းများကို ယနေ့ နံနက် ၉ နာရီမှ ၁၂ နာရီအချိန်အထိ သတ်မှတ်စုရပ်နေရာများ၌  ကာကွယ်ဆေးများ ဒုတိယအကြိမ် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Sep 13,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်၊ သာသနာ့ဗိမာန်တော်ကြီးတွင် ယနေ့ နံနက် ၉ နာရီမှစတင်၍ ဌာနဆိုင်ရာ ဝန်ထမ်းများအား (ဒုတိယအကြိမ်) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးလျက် ရှိသည်။
Sep 13,2021
ရှမ်းပြည်နယ်၊ အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်တွင်း သံဃာတော်များအား ကိုဗစ်-၁၉ ရောဂါပိုးရှိမရှိ (RDT)Test Kit ဖြင့် အခမဲ့စစ်ဆေးပေးခြင်းကို ယမန်နေ့က ခြေတော်ရာဘုန်းတော်ကြီး ကျောင်း၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီဌာနဝန်ထမ်းများ၊ ကျန်းမာရေး ဝန်ထမ်းများ၊ တပ်မတော်သား ဆရာဝန်များနှင့် လူမှုရေးအသင်းအဖွဲ့များက သွားရောက် စစ်ဆေး ပေးခဲ့ကြောင်း သိရသည်။
Sep 13,2021
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြန်မာနိုင်ငံလူကုန် ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်ကို မန္တလေး-မြစ်ကြီးနားပြည်ထောင်စုလမ်းမကြီးဘေးရှိ မြေစိုက်နံရံကပ်ပြဘုတ်၌ ယနေ့ နံနက် ၁၀နာရီတွင် ပြသထားလျက် ရှိကြောင်းသိရသည်။
Sep 13,2021
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ထိရောက်စွာ ကာကွယ်ထိန်းချုပ်‌နိုင်‌‌ရေးအတွက် ပူးပေါင်းအဖွဲ့က ရွေ့လျားယာဉ်ဖြင့် အခမဲ့ ကိုဗစ်-၁၉ရောဂါစစ်ဆေးခြင်းများ ဆောင်ရွက်ပေး လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက တောင်တွင်းကြီးမြို့နယ် အတွင်းရှိကျေးရွာများမှ ဒေသခံ ကျေးလက် နေပြည်သူများ ကိုဗစ်-၁၉ရောဂါကင်းဝေးစေရေး RDT ( Test Kits ) ဖြင့် ရောဂါရှာဖွေ စစ်ဆေးခြင်းများ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Sep 13,2021
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ မြို့ရှောင်လမ်းဖောက်လုပ်ရာတွင် ပါဝင်သွားသည့် ရပ်ကွက် (၂) ရပ်ကွက်နှင့် ကျေးရွာ(၃)ရွာအား မြေယာလျော်ကြေးငွေ ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီ အချိန်က မြင်းခြံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ပြုလုပ် ခဲ့သည်။
Sep 13,2021
ကရင်ပြည်နယ်ကော့ကရိတ်ခရိုင်ကျိုက်ဒုံမြို့တွင်ယမန်နေ့ညနေ၅နာရီကမြို့အုပ်ချုပ်ရေးမှူးရုံးမှစာရေးဝန်ထမ်းများကကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် အသိပညာပေးမှုများကို အသံချဲ့စက်ဖြင့် လိုက်လံနှိုးဆော်ခဲ့ကြောင်းသိရသည်။