မိုးကောင်း စက်တင်ဘာ ၁၃
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြန်မာနိုင်ငံလူကုန် ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်ကို မန္တလေး-မြစ်ကြီးနားပြည်ထောင်စုလမ်းမကြီးဘေးရှိ မြေစိုက်နံရံကပ်ပြဘုတ်၌ ယနေ့ နံနက် ၁၀နာရီတွင် ပြသထားလျက် ရှိကြောင်းသိရသည်။
အဆိုပါ လူကုန်ကူးမှုတာဆီးကာကွယ်ရေးအသိပညာပေး နံရံကပ်စာစောင်တွင် လူသည်ရောင်းကုန်မဟုတ်ပါ၊ လူကုန်ကူး မှုပပျောက်ရေး ဒို့တွေပါဝင်ကူညီပေး ခေါင်းစဉ်အပါအဝင် လူကုန်ကူးမှုခံရလျှင် ကြုံတွေ့ခံစားရမည့် ဆိုးကျိုးများ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေကပေးမည့်ပြစ်ဒဏ်များ၊ လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ခံရမည့် သတိပြုစရာဖြစ် ရပ်များ၊ ကလေးသူငယ် များကို တဖက်နိုင်ငံသို့ရောင်းစားသည့် သတိပြုစရာများ၊ မြန်မာနိုင်ငံတွင်ဖြစ်ပွားလျက်ရှိသည့် လူကုန်ကူးမှုအမျိုးအစားများ၊ လူကုန်ကူသူများ၏ လူစုဆောင်းသည့်နည်းလမ်းများ၊ ဆက်သွယ်အကူအညီတောင်းခံ နိုင်သည့် လူကုန်ကူးတားဆီးနှိမ်နှင်းရေးတပ်ဖွဲ့စု ဖုန်းနံပါတ်များ ဖော်ပြပါရှိ ကြောင်းသိရသည်။
၂၀၂၁ ခုနှစ်၊ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့၏ ရည်ရွယ်ချက်(၄)ရပ်တွင် လူကုန်ကူးမှုတိုက်ဖျက်ရေးကို အမျိုးသားတာဝန် အဖြစ်သတ်မှတ်၍ နိုင်ငံသားအားလုံးပူးပေါင်းဆောင်ရွက်ရန်၊ လူကုန် ကူးမှုဆိုင်ရာ အသိပညာများ ပြည်သူလူထုအတွင်း စိမ့်ဝင်ပျံ့နှံ့စေရန်၊ လူကုန်ကူးခံရသူများအား စာနာနားလည်ခြင်းဖြင့် ကာကွယ်စောင့်ရှောက်ရန်၊ လူကုန်ကူးမှုတိုက်ဖျက် ရေးလုပ်ငန်းစဉ် များအားလုံးတွင် ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပြည်သူလူ ထုတစ်ရပ်လုံး၏ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် အချက်များပါဝင်ကြောင်းသိရသည်။
သန်းလွင်ဦး(ပြန်/ဆက်)