Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
နမ့်စန်၌ ကိုဗစ်-၁၉ ရောဂါပိုးရှိသူ ၅ ဦးစစ်ဆေးတွေ့ရှိ၊ ကျန်းမာရေးကောင်းမွန်၍ ၁၇ ဦး ဆေးရုံဆင်း
Sep 13,2021
ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ် ပြည်သူ့ဆေးရုံတွင် ယနေ့ နေ့လယ်ပိုင်း RDT Test kit စစ်ဆေးမှုအရ အမျိုးသား ၁ ဦး နှင့် အမျိုးသမီး ၄ ဦး၊ စုစုပေါင်း ၅ ဦးထံတွင် ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပိုင်ကျုံမြို့၌ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေး နှိုးဆော်ချက်များ ကရင်ဘာသာဖြင့်ကျေးရွာအရောက်လိုက်လံ အသိပေးနှိုးဆော်
Sep 13,2021
ကရင်ပြည်နယ်၊ဘားအံခရိုင်၊ပိုင်ကျုံမြို့ကိုဗစ်၁၉-ရောဂါဆိုးကြီးသည်လျှင်မြန်စွာကူးစက်ပျံ့ပွားလျက်ရှိပြီးနေ့စဉ်ရောဂါကူးစက်မှုများဖြစ်ပေါ်လျက်ရှိသောကြောင့်ရောဂါကူးစက်ပျံ့ပွားမှုကိုလျော့နည်းစေပြီးထိရောက်စွာကုသထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့်ပြည်သူ့သို့ အသိပေးပန်ကြားချက်များကိုကရင်ဘာသာဖြင့်ယနေ့နံနက်(၈)နာရီအချိန်ကမဲပရကြီးကျေးရွာသို့လိုက်လံအသိပေးနှိုးဆော်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၌ One Stop Service စီမံချက်ဖြင့် မှတ်ပုံတင်မဲ့မော်တော်ဆိုင်ကယ်များအား ကိုဗစ် ကာကွယ်ရေးလမ်းညွှန်ချက်နှင့်အညီ မှတ်ပုံ…
Sep 13,2021
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် မှတ်ပုံတင်မဲ့မော်တော်ဆိုင်ကယ်များအား One Stop Service စီမံချက်ဖြင့် တရားဝင်မှတ်ပုံတင်ပြုလုပ်ပေးခြင်း ရပ်နားထားခဲ့ရာမှ ယနေ့ နံနက်ပိုင်းမှ စတင်၍ ကုန်းလမ်းပို့ဆောင် ရေးညွှန်ကြားမှုဦးစီးဌာနမှ သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးတွင် ကိုဗစ်-၁၉ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ပြန်လည်ဆောင်ရွက်ပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ဒေးဒရဲမြို့တွင် အများပြည်သူသုံးသောက်ရေကန် တာပေါင်ကျိုးပေါက်မှုအားပြန်လည်ပြုပြင်ဆောင်ရွက်
Sep 13,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့ အမှတ်(၁)ရပ်ကွက်ရှိ အောင်မင်္ဂလာသောက်ရေကန် တာပေါင်ကျိုးပေါက်မှုအား မြို့နယ်မီးသတ်တပ်ဖွဲ့မှ ယမန်နေ့ နေ့လည် (၂) နာရီက ပြန်လည်ပြုပြင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ဘားအံမြို့ ၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန်အများ ပြည်သူများအားပိုးကရင်ဘာသာမြန်မာဘာသာဖြင့် အသိပညာပေးနှိုးဆော်
Sep 13,2021
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ကိုဗစ်၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အများပြည်သူ သိရှိလိုက်နာ ရမည့်အချက်များကို ပြည်သူများကျယ်ကျယ် ပြန့်ပြန့် သိရှိနိုင်ရေး အတွက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများက ယနေ့နံနက်ပိုင်းက မြို့ပေါ် ရပ်ကွက်နှင့်ကျေးရွာအတွင်း အသိပညာပေးနှိုးဆော်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရွှေပြည်သာမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု စာရင်းနှင့် ကိုင်ဆောင်လက်မှတ် ပြုလုပ်ပေးနိုင်ရေး ဆက်လက်ကွင်းဆင်းစာရင်း ကောက်ယူလျက်ရှိ
Sep 13,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်နေပြည်သူများအား “ပန်းခင်း” စီမံချက်ဖြင့် တိုင်းရင်းသား/ ဥပဒေအရ နိုင်ငံသားများအား ဥပဒေနှင့်အညီ အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ထုတ်ပေးနိုင်ရေး လိုက်လံ စာရင်းကောက်ယူလျက်ရှိရာမှ ယနေ့နံနက် ၈ နာရီအချိန်မှ စတင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဦး၏ ကြီးကြပ်မှုဖြင့် လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံးမှ မြို့နယ်ဦးစီးမှူး ဦးမင်းသူအောင်၏ ဦးဆောင်မှုဖြင့် ဝန်ထမ်းများ၊ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ် ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများနှင့် ရပ်ကွက် စာရေးများက ပြည်သူများနေအိမ်သို့ တစ်အိမ်တက်ဆင်း ဆက်လက်၍ လိုက်လံ စာရင်းကောက်ယူလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
တကောင်းမြို့ပေါ် ရပ်ကွက်များနှင့် ကျေးရွာများရှိဒေသခံပြည်သူများအား ကိုဗစ် -၁၉ရောဂါပိုး ရှိ/မရှိ ကွင်းဆင်း စစ်ဆေး
Sep 13,2021
မန္တလေးတိုင်းဒေသကြီး၊ပြင်ဦးလွင်ခရိုင်၊ တကောင်းမြို့ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ် နိုင်ရေး ကြီးကြပ်မှုကော်မတီ မှ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများရှိဒေသခံပြည်သူများအား ကိုဗစ်- ၁၉ရော ဂါပိုးရှိ/ မရှိ ကွင်းဆင်းစစ်ဆေး ပေးလျက်ရှိရာ ယနေ့ မနက်(၉)နာရီက မိုင်းကွင်းစုရပ် တွင် ဆေးစစ်ဆေး မှုပြုလုပ်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်းကွင်းသရုပ်ပြသပြီး ပျက်စီးသွားသောမိုးစပါးစိုက် တောင်သူများအတွက် မြေဩဇာနှင့်ပိုးသတ်ဆေးများထောက်ပံ့
Sep 13,2021
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် စက်မှုလယ်ယာ ဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော ကောက်စိုက်စက်ဖြင့် မိုးစပါး စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲ ကို ယမန်နေ့ နံနက်ပိုင်းက ဘားအံမြို့နယ်၊ ဖဲကတာကျေးရွာ တောင်သူဦးစိုးဝင်း၏ ဆင်းသုခ မိုးစပါးမျိုးစေ့ထုတ်( ၆ )ဧက စိုက်ခင်း၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25626
Page
25627
Page
25628
Page
25629
Current page
25630
Page
25631
Page
25632
Page
25633
Page
25634
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department