မြင်းခြံ စက်တင်ဘာ ၁၃
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ မြို့ရှောင်လမ်းဖောက်လုပ်ရာတွင် ပါဝင်သွားသည့် ရပ်ကွက် (၂) ရပ်ကွက်နှင့် ကျေးရွာ(၃)ရွာအား မြေယာလျော်ကြေးငွေ ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီ အချိန်က မြင်းခြံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ပြုလုပ် ခဲ့သည်။
အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင့်လှိုင်နှင့် မြေယာလျော်ကြေး ပေးအပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးဝင်းမြင့်တို့က အဖွင့်အမှားကားပြောကြားခဲ့သည်။ ထို့နောက် ခရိုင်လမ်းဦးစီး ဌာန၊ ခရိုင်အင်ဂျင်နီယာမှူး ဦးသူရအောင်က မြို့ရှောင်လမ်းဖောက်လုပ်ရခြင်းအကြောင်းကို လည်းကောင်း၊ မြို့နယ် လယ်ယာမြေနှင့် စာရင်းအင်းဦးစီးဌာန မြို့နယ်ဦးစီးဌာနမှူး ဦးမျိုးညွန့်က တောင်သူများ၏ မြေယာပိုင်ဆိုင်မှု ပုံစံ(၇) အကြောင်းနှင့် ပတ်သက်၍လည်းကောင်း အသီးသီး ရှင်း လင်းပြောကြားခဲ့သည်။
ဆက်လက်၍ မြင်းခြံမြို့ မြို့ရှောင်လမ်းဖောက်လုပ်ရာတွင် ပါဝင်သည့် အမှတ် (၂၀) ရပ်ကွက်၊ အမှတ် (၁၉) ရပ်ကွက်၊ ကူရွာကျေးရွာ၊ ဆားခါးကျေးရွာ၊ ဂျုပ်ပင်ကျေးရွာများရှိ မြေယာ ဧရိယာ (၁၅၅.၁၃) ဧက တောင်သူ (၂၂၇) ဦးအတွက် မြေယာ (၁) ဧကလျှင် ကျပ်သိန်း (၅၀) နှုန်းဖြင့် ကျပ် ၇၇၅၆၅၀၀၀၀ အား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင့်လှိုင်၊ မြေယာလျော်ကြေးပေးအပ် ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းမြင့်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ရဲမြင့်၊ ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဒုတိယရဲမှူးကြီး ဇေယျာကျော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးကျော်ဝင်းစိန်တို့က ပေးအပ်ခဲ့ရာ တောင်သူများကိုယ်စား ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးက အသီးသီးလက်ခံရယူခဲ့ကြောင်းသိရသည်။
ကျော်စွာ(မြင်းခြံ)